ဟေရှာယအနာဂတ္တိကျမ်း ၃၆
၂။ ခေတ်သမိုင်းကြောင်းပြောင်းလဲခြင်း၊ဟိဇကိမင်း၏အတ္ထုပတ္တိ (အခန်း၃၆-၃၉) အခန်းကြီး၃၆-၃၉အချို့ကျမ်းစာပညာရှင်များက ဟိဇကိမင်း၏အတ္ထုပတ္တိဟုနာမည်ပေးကြသည်။ ဟေရှာယကျမ်းမှသမိုင်းရာဇဝင်ကဏ္ဍဖြစ်သည်။ (၃၈:၉-၂၀)မှလွဲ၍ကျန်ကျမ်းချက်များသည်(၄ရာ၁၈:၁၃-၁၇၊၂၀:၁၉)ပြန် လည်ဖေါ်ပြခြင်းဖြစ်သည်။ (က)အာရှုရိမှ ဟိဇကိကရွေးထုတ်ခြင်း(အခန်း၃၆-၃၇) ၁။ အာရှုရိတို့ဘုရားတရား၌အားနည်းခြင်း(အခန်း၃၆) ၃၆:၁-၃ အခန်းကြီး၃၆မှ ရာဗရှာခသည်(အရက်အိုးသူကြီးအနက်ရသည်၊ သို့သော်လက်တွေ့တွင်မူနိုင်ငံတော်အကြီးအမှူး)အာရှုရိဘုရင်သနာခရိပ်က ဟိဇကိမင်းထံသံတမန်တော်အဖြစ်စေလွှတ်ခြင်းခံရသည်။ ခဝါသည်၏လယ်နား လမ်းမကြီးရှိအထက်ကကန်ပြွန်ဝရပ်၌ဟိဇကိမင်း၏ကိုယ်စလှယ်တော်များ နှင့်တွေ့ဆုံသည်။ ဤနေရာသည်အာဟပ်မင်းကအာရှုရိများထက်ယေဟောဝါ ဘုရားကိုယုံကြည်၍ကွယ်ကာစောင်မဖို့ရန်အလိုငှာရှုရိ-ဧဖရိမ်မဟာမိတ်ပြုကြ သည့်နေရာဖြစ်သည်(၇:၃)။ ၃၆:၄-၁၀ ရာဗရှာစက အဲဂုတ္တုတို့၏ကတိယုံကြည်ခြင်းသည်မိုက်မဲခြင်း ဖြစ်သည်ဟုသတိပေးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော်ထိုပြည်သည်အား ကိုးယုံကြည်ရလောက်သည်မဟုတ်။ ထို့ထက်စာ...