ဟေရှာယအနာဂတ္တိကျမ်း ၅၁
၃။ ဖြောင့်မတ်သောသခင်မေရှိယရှင် (၅၁:၁-၅၂:၁၂) ၅၁:၁-၃ ဘုရားသခင်ကိုရှာဖွေသောဣသရေလတိုင်းဘုရားသခင်က ကျောက်ဆောင်(မက်ဆိုပိုတေးယား)မှခေါ်ဆောင်လာပုံကိုမှတ်မိကြပေမည်။ အာဗြဟံ-စာရာတို့အားရင်းနှီးစွာဆက်ဆံ၍ကျေးဇူးပြုခဲ့ပုံကိုသတိရကြပေ မည်။ ကြွယ်ဝချမ်းသာပေးခဲ့ပုံကိုမေ့နိုင်ကြမည်မဟုတ်။ ဇိအုန်တောင်ကိုသစ္စာ ထား၍ကတိတော်ပြုခဲ့ပုံကိုစွဲမှတ်နေကြမည်။ နားထောင်ပါဟုသုံးကြိမ်တိုင်တိုင် ခေါ်သည်ကိုသတိပြုပါ(ငယ်၁၊၄၊၇)။ (၅၁:၇-၁၇၊၅၂:၁)သည်။ သုံးကြိမ်သုံးခါ တိုင်တိုင်နှိုးထခိုင်းသည်ကိုသတိပြုပါ။ ၅၁:၄-၆ အနှစ်တစ်ထောင်နိုင်ငံတော်ကာလတွင်မေရှိယသခင်သည် ဣသရေလများကဲ့သို့တပါးအမျိုးသားများကိုလည်းတန်းတူသဘောထားအုပ် စိုးတော်မူသည်။ နိုင်ငံတော်အဆုံးသတ်သောအခါကောင်းကင်နှင့်မြေကြီးသည် လည်းပျောက်ဆုံးသွားမည်။ မယုံကြည်သူအားလုံးပျောက်လွင့်ကုန်မည်။ ယုံ ကြည်သူဘုရားသခင်၏လူများသာလျှင်ထာဝရကာလပတ်လုံးလုံခြုံရာရသွား ကြမည်။ ၅၁:၇-၈ ဘေးဒဏ်ကြီးကာလလူသားများပေါ်သို့ဘုရားသခင်၏အမျက် ဒေါသကျရောက်သောအခါရွေးနှုတ်ထားသောလူနည်းစုသည်စိုးရိမ်ပူပန်ခြင်းမ ရှိရ။...