Tag: ကောရိ န္တု သြဝါဒစာပဌမစောင်

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၁၂

    (င) ဝိညာဉ်ဆုကျေးဇူးအား အသင်းတော်တွင်အသုံးချရေး (အခန်း၁၂–၁၄)           အခန်း၁၂မှ၁၄ သည်ဝိညာဉ်ဆုကျေးဇူးအကြောင်းဖြစ်သည်။ ကောရိန္သုအသင်းတော်တွင် အများအားဖြင့် အချက်မှာ၊ အငြင်းပွားကြသည်မှာ အခြားသောဘာသာစကား ပြောဆိုခြင်း၊ ဝိညာဉ်ဆုဖြစ်သည်။ ထိုအကြောင်းကို ပေါလုက ပဲ့ပြင်တည့်မတ်ပေးသည်။ ကောရိန္သု အသင်းသားများသည် တစ်ခါမှသင်ယူခြင်း မရှိသော်လည်း ဝိညာဉ်တော်တန်ခိုးဖြင့် မကြားဖူးသောနိုင်ငံရပ်ခြား ဘာသာစကားများကို ပြောဆိုတတ်ကြသည်။ သို့သော် ထိုဝိညာဉ်ဆု ကျေးဇူးကိုး တခြားယုံကြည်သူများ ဝိညာဉ်ရေးရာခိုင်မာဖို့...

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၁၃

              ၁၃:၁ ဘာသာစကားအစုံ ပြောတတ်သည့်အပြင် ကောင်းကင်စကားကိုလည်း ပြောတတ်ပါစေ။ ချစ်ခြင်းမေတ္တာ မပါရှိလျှင် ထိုစကားသည် ကြားနာသူအတွက် အကျိုးအာနိသင်မရှိ။ ပျော်ရွှင်စရာမဖြစ်။ ကြေးမောင်း သံပုံးများ ထုသည့်အသံကဲ့သို့ နားငြီးဖွယ်ရာသာ ဖြစ်သည်။ တစ်ဖက်သား နားမလည်သော စကားပြောခြင်းသည် အချည်းအနှီးဖြစ်သည်။ ပြောသူ၊ နာသူအကျိုး အမြတ်မရှိ။ ကောင်းကင်စကားသည် အဖိုးတန်စကားဖြစ်သည်။ သို့သော် ဆိုလိုယင်းကို နားမလည်လျှင် အဓိပ္ပါယ်မရှိ။...

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၁၄

    ၁၄:၁ ခရစ်ယာန်အသက်တာသည် ချစ်ခြင်းမေတ္တာ နောက်သို့ အစဉ်လိုက်ရသည်။ ဆိုလိုသည်မှာ သူတစ်ပါးကောင်းကျိုးကို အစဉ်ရှေးရှုရသည်။ ရရှိထားသောဝိညာဉ်တော်၏ အလိုတော်ရှိသည့်အတိုင်း ပေးသနားသော လက်ဆောင်များဖြစ်သောကြောင့် ဒေသန္တရအသင်း တော်များတွင် အကျိုးရှိစွာ အသုံးပြုနိုင်သည် ။အသင်းတော် အကျိုးဆောင်ရွက်နိုင်ရန် ပရောဖက် ပြုခြင်း ဝိညာဉ်ဆုကျေးဇူးသည် အခြားသောဘာသာစကား ဝိညာဉ်ဆုကျေးဇူး ထက်မြတ်သည်ဟု သွန်သင်ထားပါသည်။ ၁၄:၂ အခြားသောဘာသာစကားဖြင့် ပြောဆိုခြင်းသည် အခြားသူများနှင့်ပြောနေခြင်းမဟုတ် အခြားသူများအတွက်...