ဆာလံကျမ်း ၃
ဆာ၃။ စိတ်ဆန္ဒဆင်ခြင်လေ့လာခြင်း စိတ်နှလုံးအတိ၊ ဆန္ဒနယအပြည့်ဖြင့် ဆင်ခြင်တွေးတောလျှင် ဒါဝိဒ်မင်းကဲ့သို့ပင် အမှောင်ထဲမှ ပိုးစုန်းကြူကို မြင်နိုင်သည်။ ဤဆာလံကျမ်းတွင် မှောင်မိုက်ခရီးစမ်းတဝါးမှ ယုံကြည်စိတ်ချမှုသတ္တိခွန်အားတိုးလာပုံမြင်နိုင်သည်။ ၃း၁-၂ ဒါဝိဒ်မင်းသည် ပြေးစရာမြေမရှိ၊ပုန်းစရာဂူမရှိအောင် ပတ်ချာလည်တွင် ရန်သူများကဝိုင်းရံနေကြသည်။ ရန်သူများက ဒုနှင့်ဒေးရှိကြသောကြောင့် နှလုံးသွေးခုန်ရပ်မတတ်ခြောက်ခြားရပြီ။အဘယ်သို့လုပ်ရပါ့။ ပတ်ဝန်းကျင်တီးတိုးစကားများကလည်း ပျားတုတ်သည့် ပမာလာနှောင့်ကြသည်။အပြစ်ဒုစရိုက်များပြားသောကြောင့် ဘု ရားရှင်ကပစ်ထားသည်ဟု ဆိုသည်။ အပိုဒ်ငယ် ၂တွင် ပဟေဠိဆန်သော selah...