Tag: ဆာလံကျမ်း

  • ဆာလံကျမ်း ၁၃၈

    ဆာ ၁၃၈၊ ဘုရားရှင်၏ သစ္စာစကားတော် ဘုရားသခင်က ဆုတောင်းချက်များအဖြေပေးသောကြောင့် ဒါဝိဒ်သည် ဝမ်းသာလုံးဆို့နေသည်။ ထိုကဲ့သို့ပင် ယနေ့ယုံကြည်သူများသည်လည်း အောင်မြင်သောအချိန်အခါတိုင်း ကျေးဇူးတော် ချီးမွမ်းသင့် သည်။ ဤဆာလံတေးသည် မေရှိယသခင်ယေရှုရှင် တိုင်းနိုင်ငံထူထောင်သည့်အခါ ဣသရေလလူများ ခေါင်းမော့ရင်ကော့ကြမည့်အကြောင်း ဖြစ်သည်။ ၁၃၈:၁ ဒါဝိဒ်သည်မယုံတဝက် ယုံတဝက်ဖြင့် ကိုးကွယ်ခြင်းမပြု။ စိတ်နှလုံးအကြွင်းမဲ့ဖြင့်၊ အစွမ်းရှိသမျှဖြင့် ယေဟောဝါဘုရားရှင်ကို ချီးမွမ်းကိုးကွယ်သည်။ ဝတ်ပြုကိုးကွယ်ရာတွင် အနှောင်အဖွဲ့မရှိ။...

  • ဆာလံကျမ်း ၁၃၉

    ဆာ ၁၃၉၊ ကြီးမြတ်လှသောဘုရားရှင် ကြီးမြတ်လှသောဘုရားရှင် လက်ရာတော်သည် အံ့ဘနန်း နေရာတိုင်းမှာ ကိုယ်တော်ရှင် မတတ်စွမ်းနိုင်သည်မရှိ။ ဘုရားသခင်ထံသို့ မရမက၊ အပူတပြင်းတောင်းဆိုလျှင် ဘုရားသခင်ကကြွယ်ဝစွာစီရီပေးပါသည်။ ဒါဝိဒ်မင်း၏ အာရုံပြုဆုတောင်းပုံကို ဆာလံတေးတွင် နမူနာယူနိုင်ကြသည်။ ၁၃၉:၁–၂ ဘုရားသခင်သည် အရာခပ်သိမ်းကို သိတော်မူသော သဗ္ဗညုတဉာဏ်တော်ရှင်ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားရှင်တော်က တွေ့မြင်သိရှိသည်။ ဘုရားသခင် မမြင်သောအရာ အဖြစ်အပျက်မရှိ။ ကိုယ်တော်မသိတာမရှိ စကြာဝဋ္ဌာမိုးမြေတွင်...

  • ဆာလံကျမ်း ၁၄၀

    ဆာ ၁၄၀၊လူဆိုးသူယုတ်တို့လက်ထဲမှ ၁၄၀:၁–၃ ရန်သူများ၏လုပ်ကြံခြင်းမှ လွတ်မြောက်ခွင့်ပေးရန် ဒါဝိဒ်မင်းစတင်ဆုတောင်းသည်။ လူဆိုးများက အသက်ရန်ရှာကြသည်။ လူယုတ်မာများက နှိပ်ကွပ်ကြသည်။ ထိုသူများက သူများကို ဒုက္ခမပေး လျှင် စားမဝင်၊ သူများကို မနှိပ်စက်လျှင် အိပ်မပျော်ကြသူများဖြစ်သည်။ တဘက်လူကို အားမနာ လျှာမကျိုးပြောကြသည်။ မြွေကဲ့သို့ပင် လျှာအောက်၌ အဆိပ်ပါကြသည်။ ပြောစကားများသည် နားထောင် ချင်စဖွယ်မရှိ။ အဆိပ်အတောက်ချည်းဖြစ်သည်။ ၁၄၀:၄–၅ သို့ကြောင့်...