ဇာခရိအနာဂတ္တိကျမ်း နိဒါန်း
“ဇာခရိအနာဂတ္တိကျမ်းသည် မေရှိယသခင်အကြောင်း၊ ခရစ်တော်၏ပထမအကြိမ်ကြွလာခြင်းနှင့် ဒုတိယ အကြိမ်ကြွလာမည့်အကြောင်းအပြင် နောက်ဆုံးအနှစ်တထောင် အုပ်စိုးခြင်းကာလတွင် ဣသရေလလူမျိုးတို့အား ပြန်လည်စုစည်းမည့်အကြောင်း မြင်ကွင်းကျယ်ကို အထူးပရောဖက်ပြု လှစ်ဟဖော်ပြရာ၌ ခရစ်ယာန်များအတွက် အတုမရှိ အဖိုးထိုက်တန်သော အနာဂတ္တိကျမ်းဖြစ်သည်။” Merrill F. Unger ၁။ စံတော်မီဝိသေသလက္ခဏာ ကမ္ဘာဦးကျမ်း၊ ဆာလံသီချင်းနှင့် ဟေရှာယအနာဂတ္တိကျမ်းတို့သည် ပါဝင်သောအကြောင်းအရာ ကျယ်ပြန့်ခြင်း၊ အရေးပါခြင်းတို့ကြောင့် ဓမ္မသစ်ကျမ်းတွင်...