Tag: တမန်တော်ဝတ္ထု

  • တမန်တော်ဝတ္ထု ၃

    (င) ခြေဆွံ့သူကျန်းမာခြင်းနှင့် ဣသရေလများအား ပေတရုကဆုံးမခြင်း (၃:၁–၂၆) ၃:၁  ပေတရုနှင့် ယောဟန် ဗိမာန်တော်သို့ရောက်ရှိသည့်အချိန်သည် ညနေ(၃)နာရီခန့် ဖြစ်သည်။ ယခင်ကျမ်းပိုဒ်အတိုင်း ကနဦး ယုဒခရစ်ယာန်များသည် ခရစ်ယာန်ဘာသာ ယုံကြည်သက်ဝင်သွားကြသော်လည်း ဗိမာန်သို့ သွားနေကြဆဲဖြစ်သည်။ ထိုကာလသည် စပ်ကူးမတ်ကူး အသွင်ကူးပြောင်းရေးကာလ ဖြစ်သည်။ ယုဒရိုးရာ ထုံးတမ်းစဉ်လာကို လုံးဝလွှင့်ပစ်၍ မရသေး။ ယနေ့ ယုံကြည်သူများသည် ထိုပုံသဏ္ဌာန်မျိုးနှင့် မသင့်တော်ပါ။...

  • တမန်တော်ဝတ္ထု ၄

    (စ) ညှဉ်းဆဲနှိပ်စက်ခြင်းကြောင့် အသင်းတော်ကြီးထွားခြင်း (၄:၁ – ၇:၆၀) ၄:၁–၄  ပထမဦးဆုံး ညှဉ်းဆဲနှိပ်စက်ခြင်း ခံရသော အသင်းတော်ပေါက်စများသည် လုံးဝပျက်သုဉ်းမတတ်ဖြစ်ခဲ့ရသည်။ ထိုသို့ ညှဉ်းပန်းနှိပ်စက်သူများမှာ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော် အကြီးအကဲများ၊ မင်းတိုင်ပင်အမတ်များနှင့် တမန်တော်များကို ဆန့်ကျင်သူ များဖြစ်သည်။ Scroggie က “ယဇ်ပုရောဟိတ်ကြီးများသည် ဘာသာရေးအရေခြုံများ၊ ဗိမာန်တော်အကြီးအကဲများသည်၊ နိုင်ငံရေးနှင့် ဆက်နွယ်ပတ်သက်သူများ၊ ဇဒ္ဒုကဲများသည်...

  • တမန်တော်ဝတ္ထု ၅

    ၅:၁–၄  ဘုရားသခင်၏ တန်ခိုးတော်လှုပ်ရှားသောအခါ စာတန်သည် ပျက်စီးအားနည်း၊ နိမ့်ကျသွားသည်။ ဝိညာဉ်တော်တန်ခိုးရောက်ရှိသောအခါ အတ္တသမားများသည် ပျက်စီးသွားကြသည်။ အာနနိနှင်ရှဖိရေတို့သည် ဗာနဗနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ လူများ၏ အသိအမှတ်ပြုခြင်းကို ခံယူလိုသောကြောင့် မြေကွတ်ရောင်း၍ တပည့်တော်များနှင့် လူရှေ့သူရှေ့တွင် ပေးကမ်းလှူဒါန်းကြသည်။ ရောင်းရငွေ၏ တပိုင်းတစသာ ပေးလှူသော်လည်း အကုန်လုံးပေးလှူဟန်ဆောင်ကြသည်။ မည်သူက မှ ရောင်းချပေးလှူရန် မတိုက်တွန်းပါ။ ​မြေကွတ်ရောင်းပြီးသောအခါ အကုန်လုံးမပေးလှူဘဲ အကုန်ပေးလှူဟန်ဆောင်သည်။ ပေတရုသည်...