Tag: တမန်တော်ဝတ္ထု

  • တမန်တော်ဝတ္ထု ၂၄

    ၂၄:၁  ငါးရက်ကြာသောအခါ ယဇ်ပုရောဟိတ်ကြီး အာနနိနှင့်မင်းတိုင်ပင်အမတ်များ ကဲသရိသို့ ရောက်ရှိလာကြသည်။ ဆွဲချရှေ့နေအဖြစ် ရောမ အစိုးရရှေ့နေ တေရတုလုကိုလည်း ငှားရမ်းခေါ်ဆောင်လာသည်။ ထိုရှေ့နေသည် ဖေလဇ်မင်းဘက်မှ ရပ်တည်၍ ပေါလုအား စွဲချက်ကောင်းကောင်းတင်ရမည်။ ၂၄:၂–၄  ရှေ့နေကြီး တေရတုလုသည် အမှုကြီးစေရန် ဖေလဇ်မင်းအား မြှောက်ထိုးပင့်ကော် ပြောရသည်။ တရားဓမ္မ၏လေးနက်ပုံကို ဋီကာချဲ့စကားဖောင်ဖွဲ့သည်။ ဖေလ်ဇ်မင်းသည် အာဏာဖီဆန်သူများနှင့် လူထုအထိကရုဏ်းဖြစ်အောင် လုပ်သူများကို တရားကျကျစီရင်လေ့ရှိကြောင်း၊...

  • တမန်တော်ဝတ္ထု ၂၅

    ၂၅:၁ ပေါတိဖေတ္ထုသည် ရောမအင်ပါယာဧကရာဇ် နေရူးက အေဒီ ၆၀ ခုနှစ်တွင် ယုဒပြည်အားအုပ်ချုပ်ရန် ခန့်ထားခြင်းဖြစ်သည်။ ကဲသရိမြို့သည် ရောမအင်ပါယာ ရှုရိပြည်တွင် နိုင်ငံရေးအရ အချက်အချာကြသော နေရာဖြစ်သည်။ ယုဒပြည်သည် ထိုရှုရိပြန်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ (၃)ရက်ကြာသောအခါ ပေါတိဖေတ္တုရောက်ရှိလျက် ရုံးထိုင်စိုးစံသည်။ ဘာသာရေးဆရာကြီးများသည် ဖေတ္တုထံ ဝိုင်းအုံရောက်ရှိလာကြပြီး ပေါလုအား စွဲချက်တင်ကြသည်။ ၂၅:၂–၃  ပေါလု ထောင်နန်းစံသည်မှာ (၂)နှစ်ကြာညောင်းသော်လည်း...

  • တမန်တော်ဝတ္ထု ၂၆

    ၂၆:၁–၃  မြင်ကွင်းအား ဘုရင်ဖြစ်သော ကျွန်နှင့်သရဖူဆောင်သော အကျဉ်းသားတို့၏ တွေ့ဆုံခန်းဖြစ်သည်။ ဝိညာဉ်ရေးရာရှုထောင့်ဖြင့် ကြည့်လျှင် အဂြိပ္ပသည် သနားစရာ ဖားသတ္တဝါ၊ တမန်တော်သည် တောင်ပန်စုံသော ယုံကြည်ခြင်းဖြစ်သည်။ အဂြိပ္ပမင်းက စကားပြောခွင့်ပြုသောအခါ ပေါလုသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လျက် ခရစ်ယာန်ပီပီ ကျိုးနွံစွာလျှောက်တင်သည်။ ပထမဦးစွာ ယုဒအစဉ်အလာ ယုဒထုံးစံကို နားလည်သော ဧကရာဇ်မင်ရှေ့တွင် လျှောက်လဲတင်ပြခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိကြောင်းဆိုသည်။ ထိုသို့ ပြောခြင်းသည်...