Tag: တရားသူကြီးမှတ်စာ

  • တရားသူကြီးမှတ်စာ ၉

    ၉:၁–၆ အဘိမလက်(ငါ့အဖေဘုရင်ဟုအနက်ရသည်)သည် ဂိဒေါင်၏သားတစ်ယောက်ဖြစ်သည်။ ဣသရေလတို့၏ တရားသူကြီးမဟုတ်သော်လည်း မထိုက်မတန် အာဏာသိမ်းပိုက်သူဖြစ်သည်။ အာဏာရယူဖို့ မည်သည့်အရာမဆို ရက်စက်ဝံ့သူဖြစ်သည်။ ညီအငယ်ဆုံး ယောသံမှလွဲ၍ ကျန်ညီအကို (၆၉)ဦးကို ကွပ်မျက်ပစ်သည်။ ဘုမသိဘမသိ ရှေခင်တောသားများကို စည်းရုံးသိမ်းသွင်းပြီး ရာထူးတက်ယူသည်။ ဘုရင်သဖွယ်စိုးစံသည်။ အပိုဒ်ငယ်(၂)တွင် ပါရှိသည့်သား(၇၀)ကို အပိုဒ်ငယ်(၅)တွင် အကုန်သတ်ပစ်သည် ဆိုသည်မှာ အကြမ်းဖျဉ်းခေါ်ဆိုခြင်းဖြစ်သည်။ အတိအကျ ကိန်းဂဏန်းမဟုတ်။ ၉:၇–၁၅ ဤကျမ်းချက်တွင်...

  • တရားသူကြီးမှတ်စာ ၁၀

    (ဆ) တောလနှင့်ယာဣရ (၁၀:၁–၅)           ၁၀:၁–၅ ဣသခါ အမျိုးမှ တောလသည် ဣသရေလ တရားသူကြီးအဖြစ်ဖြင့် နှစ်ပေါင်း(၂၃)ကြာ အုပ်စိုးသည်။ သူသည် ဧဖရိမ်တောင်ပေါ်တွင် နေထိုင်သည်။ နောက်တရားသူကြီးတစ်ပါးမှာ ဂိလဒ်အမျိုးမှ ယာဣရဖြစ်၍ ဣသရေလအမျိုးအား (၂၂)ကြာ ကြီးစိုးသည်။ သား(၃၀)ယောက်ထွန်းကား၍ မြို့(၃၀)မြို့အသီးသီး စားကြသည်။ (ဇ) ယေဖသ (၁၀:၆–၁၈) ၁။ ဣသရေလတို့ ကံဆိုးမိုးမှောင်ကျခြင်း...

  • တရားသူကြီးမှတ်စာ ၁၁

    ၂။ ယေဖသက ဣသရေလတို့ ခုခံကာကွယ်ခြင်း (၁၁:၁ –၂၈)           ၁၁:၁–၃ ယေဖသသည် ဤအချိန်ကာလ၏ လူသားဖြစ်သည်။ ဂိလဒ်အမျိုး၊ ခွန်အား ဗလတောင့်တင်းသူ၊ ပြည့်တန်ဆာမ၏သား ဖြစ်သည်။ မိမိလူမျိုးက လက်မခံကြသဖြင့် တောဘအရပ် (ဆီးရီးယားပြည်)တွင် နေ၍ နေရာအတည်တကျမရှိ၊ ခြေသလုံးအိမ်တိုင်သမားများကို စုစည်းခေါင်းဆောင်သည်။ ၁၁:၄–၁၁ ဂိလဒ်ပြည်အား အမ္မုန်အမျိုးက တိုက်ခိုက်လာကြသောအခါ ဂိလဒ်လူကြီးမင်းများသည် ဣသရေလတပ်ပေါင်းစုကြီးအား...