တရားသူကြီးမှတ်စာ ၁၂
၄။ ယေဖသက ဧဖရိမ်လူများအားသတ်ဖြတ်ခြင်း (၁၂:၁ –၇) ၁၂:၁–၄ ယေဖသ၏အောင်နိုင်မှုကို ဧဖရိမ်လူတို့က မနာလိုဖြစ်နေကြသည်။ ဧဖရိမ်အမျိုးကို စစ်ကူမခေါ်ဘဲ အမ္မုန်တိုက်ခိုက်သိမ်းပိုက်မှုအား အပြစ်ရှာကြသည်။ အမ္မုန်တို့ ဒဏ်ရာဒဏ်ချက်အောက်တွင် ပိပြားနေကြစဉ် အကူအညီတောင်းခဲ့တုန်းက အကူအညီမပေး လက်ပိုက်ကြည့်နေကြသောကြောင့် ယခုတစ်ကြိမ်တွင်လည်း ဧဖရိမ်တို့အား စစ်ကူမခေါ်ဟု ယေဖသဆိုသည်။ ဧဖရိမ်လူတို့သည် ဂိလဒ်အမျိုးအား အမျိုးမစစ်သူဟု စော်ကားခဲ့သည် (စင်စစ် ဧဖရိမ်အမျိုးပြဿနာရှာခြင်းဖြစ်သည်။...