ထွက်မြောက်ရာကျမ်း ၂၈
(ခ) ယဇ်ပုရောဟိတ်အမှုအရာ (အခန်း ၂၈–၂၉) ၁။ ယဇ်ပုရောဟိတ်ဝတ်ရုံ (အခန်း ၂၈) ၂၈:၁–၂ အခန်း(၂၈)တွင် ယဇ်ပုရောဟိတ်ကြီး၊ သူ့သားများနှင့်ဝတ်ရုံများအကြောင်း ရှင်းပြထားသည်။ ဝတ်ရုံဟု ဆိုရာတွင် အရောင်အဆင်းကျောက်မျက်ရတနာများ တပ်ဆင်ပုံစသဖြင့် ပါရှိ၍ ခရစ်တော်၏ ဘုန်းတန်ခိုးပုံဆောင်သည်။ အာရုန်၏မိသားစုများကို ယဇ်ပုရောဟိတ်အမျိုးအနွယ်အဖြစ်ခန့်အပ်ထားသည်။ ၂၈:၃–၂၉ ယဇ်ပုရောဟိတ်ကြီးတွင် ဝတ်ရုံ(၂)ထည်ရှိသည်။ (၁) ဝတ်ရုံသည် လှပခန့်ညားသည်။ ရောင်စုံချယ်သထား၍...