ထွက်မြောက်ရာကျမ်း ၃၇
၇။ ပဋိညာဉ်သေတ္တာတော် (၃၇:၁–၅) ၃၇:၁–၅ ပဋိညာဉ်သေတ္တာတော်ကို အကာရှသားဖြင့် ပြုလုပ်၍ သေတ္တာအတွင်းပိုင်း၊ အပြင်ပိုင်းနှစ်ခုစလုံးကို ရွှေကွပ်ထားသည်။ သခင်ခရစ်တော်ဘုရားတွင် ဘုရားဇာတိတော်နှင့် လူ့ဇာတိပါဝင်ကြောင်း သရုပ်ဖော်သည်။ ထိုပဋိညာဉ် သေတ္တာထဲတွင် ပဋိညာဉ်တရား၊ မန္နမုန့်ထည့်အုပ်၊ အာရုန်၏ လှံတံတော်တို့ရှိသည်။ ဆာ ၄၀:၈ တွင် “ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏” ဆိုသကဲ့သို့ ခရစ်တော်သည်...