ဖိလိပ္ပိသြဝါဒစာ ၃
၅။ မှားယွင်းသောဆရာများသို့ တဖန်သတိပေးခြင်း (၃:၁–၃) ၃:၁ နိဂုံးချုပ်ရသော် ဟုဆိုရာတွင် စာစောင်အပြီးသတ်တော့မည်ဟု ဆိုလိုခြင်းမဟုတ်။ ”ထို့ကြောင့် …. ဆိုလိုသည်မှာ” ဟု အဓိပ္ပါယ်သက်ရောက်သည်။ ဤစကားမျိုးကို ၄:၈ တွင်လည်း ထပ်သုံးထားသည်။ ဘုရားသခင်၌ ဝမ်းမြောက်ခြင်းရှိကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ ခရစ်ယာန်များသည် မည်သည့်ဘဝ အခြေအနေရောက်ရောက် ပျော်ရွှင်နေရမည်။ အဘယ်ကြောင့်ဆိုသော် ထိုပျော်ရွှင်ခြင်း အဘယ်အရာနှင့်မှမတူ ဘုရားသခင်...