မိက္ခာအနာဂတ္တိကျမ်း ၃
၄။ မင်း၊ ပရောဖက်အတုနှင့်ယဇ်ပုရောဟိတ်များကို ရှုတ်ချခြင်း(အခန်း၃) ၃:၁–၄ မတရားစီရင်ခြင်း၊ ဒုစရိုက်ကို နှစ်သက်ခြင်း၊ လောဘရမက်ကြီ:ခြင်းတို့ကြောင့် ဣသရေလအမျိုးသူကြီးများကို ရှုတ်ချသည်။ မရှိဆင်းရဲသားများကို မညှာမတာ အနိုင်ပြုကျင့်ကြပြီ။ သုစရိုက်ကိုမုန်းတီး၍ ဒုစရိုက်ကို ဖက်တွယ်ကြပြီ။ သိုးထိန်းကောင်းဖြစ်ရမည့်အစား တရားသူကြီ:မင်းများသည် ဝံပုလွေကဲ့သို့ ပြုကျင့်ကြမည်။ သိုးများကို ရိုက်သတ်၍ ဟင်းအိုးထဲထည့်ချက်ပြုတ်ကာ မြိန်ရေရှက်ရေခံစားသုံးကြသည်။ ဒါဝိဒ်နှင့်မတူ၊ ဆန့်ကျင်ဖက်ဖြစ်သည်(၁ရာ၊၁၇:၁၅။ ၂ရာ၊၅:၂။၇:၇)။ ဆင်းရဲဒုက္ခရောက်သောကာလ၌...