ယေရမိမြည်တမ်းစကား ၁
၁။ အံ့သြဖွယ်ရာ ယေရုရှလင်မြို့ လူခြေတိတ်ခြင်း (၁:၁−၁၁) ယေရုရှလင်မြို့တော်ကြီး မီးခိုးတိတ်လူခြေတိတ် ခြောက်သွေ့ပြီ။ အပိုဒ်ငယ် (၁:၁၁) တွင် ရပ်ကြည့်သူဟူသော ဝေါဟာရသုံးထားသည်။ တချိန်က ကြက်ပြန်မကျအောင် လူစည်ကားခဲ့သော မြို့တော်သည် လူခြေတိတ်ဆိတ်လျက် သရဲကြောက်ရမည့်ကိန်းဆိုက်နေပြီ။ မုဆိုးမများဖြစ်ကုန်ပြီ။ တော်ဝင်မင်းသမီးများနှင့် နန်းတွင်းသူများသည်လည်း ကျွန်မအဖြစ် ဖမ်းဆီးခြင်းခံရပြီ။ထိုသို့ ကံကြမ္မာဂြိုလ်စီးခံရခြင်းမှာ ရုပ်တုဆင်းတုဝတ်ပြုခြင်းနှင့် မဟာမိတ်တို့၏ သစ္စာဖောက်မှုကြောင့် ဖြစ်သည်...