ယေရမိအနာဂတ္တိကျမ်း ၃၉
(၅) ယေရုရှလင်ပျက်သုဉ်းခြင်း (အခန်း ၃၉) ၃၉:၁–၁၀ ဗာဗုလုန်သားများ၏ လက်ချက်ဖြင့် ယေရုရှလင်မြို့ သည်ဘီစီ ၅၈၆ ခုနှစ်တွင် ပြိုလဲပျက်စီးသည်။ ဇေဒကိ၊မင်းညီမင်းသား များ၊ စစ်သားများ ထွက်ပြေးကြသော်လည်း မလွတ်။ ရိဗလသို့ ဖမ်းဆီး ခေါ်ဆောင်သွားကြသည်။ ဘုရင်သားတော်များကို ကွပ်မျက်သည်။ ဘုရင်ကြီး၏ မျက်လုံးများ ထုတ်ပစ်သည်။ လက်လုပ်လက်စား၊ ဆင်းရဲသား ငမွဲငသေများကိုသာ ယေရုရှလင်တွင် ချန်ထားပြီး...