Tag: ယောဘဝတ္ထု

  • ယောဘဝတ္ထု ၃

    ၂။ ယောဘနှင့်မိတ်ဆွေများစကားဖောင်ဖွဲ့ခြင်(အခန်း၃-၃၁) အခန်း(၃)သည် ယောဘနှင့်သူ့မိတ်ဆွေများ အချေအတင်စကားဖောင်ဖွဲ့လက်ဆုံကျခြင်းဖြစ်သည်။ အကြီးမားဆုံးနှင့်အကျယ်ပြန့်ဆုံးဖြစ်သည်။ကျမ်းစာ၏အနှစ်သာရဖြစ်သည်။ထိုအကြောင်းကို Ridout ကဤသို့ဆိုသည် အမေဘုတ်၏ချည်ခင်ထုတ်စကားဖြစ်သည်။ကန့်ကွက်ချက် အပြစ်တင်ချက် စွပ်စွဲချက် သံသယများ တွေ့မြင်ရသကဲ့သို့ ဓမ္မယူဆ မျှော်လင့်ချက်ရောင်ခြည်နှင့် ယုံကြည်ခြင်းသစ္စာများရောထွေးရှက်တင်သည်။ စကားလုံးများသည် အရှေ့တိုင်းသားများ ထုံးစံအတိုင်း ဥပမာ ဥပမေယျ တင်စားချက်များနှင့်ရောပြွမ်းထုံသင်းသည်။ စာရှုသူများအတွက် တိုက်ရိုက်မပတ်သတ်သော်လည်း သင်ခန်းစာရယူစရာများစွာရှိပါသည်။ယုံကြည်သူခရစ်ယာန်များအနေဖြင့် ဘုရားသခင်အား အစဉ်ဝန်ခံမည့် သင်ခန်းစာရရှိမည်ဖြစ်ပါသည်။ ကိုးကားထိုက်သောကျမ်းချက်ဖြစ်ပါသည်။၇ ဤတွေ့ဆုံခန်းကို...

  • ယောဘဝတ္ထု ၄

    ၂။ ဧလိဖတ်၏ပထမားစကား (အခန်း၄၊၅) အခန်း ၄ သည် ယောဘမိတ်ဆွေများ၏ စကားနှင့်ယောဘ၏ တုန့်ပြန်စကားများဖြစ်သည်။ထိုပြောစကားများကို Ridout ကဤသို့အတိုချုံးရှင်းပြထားသည်။ ယောဘမိတ်ဆွေ ၃ ဦး၏စကားသည် စည်းလုံးမှုရှိ၍ ယောဘ၏သဘောထားနှင့်ဆန့်ကျင်ကြသည်။ လူ့ကံကြမ္မာအတိုင်း အနာရောဂါရရှိခြင်းဖြစ်သည်။ ဘုရားသခင် ချစ်ခြင်းမေတ္တာထက် အပြစ်စီရင်ခြင်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း အလိုတော်တွင်မှု ဆက်စပ်နေသည်။ မည်သို့ဖြစ်စေ ဆင်းရဲဒုက္ခဝေဒနာသည် ဖြောင့်မတ်သူ အပေါ်တွင်ဖြစ်စေ မတရားသူအပေါ်တွင်ဖြစ် စေကျရောက်နိုင်သည်...

  • ယောဘဝတ္ထု ၅

    ၅:၁-ရ ဧလိဖတ်က ယောဘအားစိမ်ခေါ်လိုက်သည်။ လူဖြစ်စေ ကောင်းကင်သားဖြစ်စေ အပြစ်၏ နောက်တွင် အပြစ်စီရင်ခြင်းက လိုက်ပါရစမြဲဖြစ်သည်။ ဧလိဖတ်ကိုယ်တိုင်သည်လည်း ဆိုးညစ်ခြင်းနှင့်အပြစ်တရားစီရင်ခြင်းအကြားတွင်ရပ်တည်နေကြာင်း ဝန်ခံသည်။ ဘေးဒုက္ခဟုသည် အကြောင်းမရှိဘဲ မပေါ်ပေါက်နိုင်။ အကြောင်းရှိလျှင် အကျိုးရှိသည် အကြောင်းမရှိဘဲနှင့် အကျိုးမပေါ်ပေါက်နိုင်၊ လူသည် အပြစ်သားဖြစ်သည်။ မီးပွားသည် အပေါ်သို့ပြန်တက်နိုင်သည်နည်းတူ လူသည်လည်း အပြစ်၏အကျိုးဆက် အဖြစ်ဆင်းရဲဒုက္ခရောက်ကြသည်။ ၅:၈-၁၆ သို့ကြောင့် ထာဝရဘုရားသခင်ကို ရှာဖွေ၍...