ယောဘဝတ္ထု ၉
၅။ ယောဘ၏တုန့်ပြန်ချက် (အခန်း ၉း ၁၀) ၉း၁-၁၃ လူသည် ဘုရားသခင်ရှေ့တွင် အဘယ်သို့ ဖြောင့်မတ်ရာသို့ရောက်နိုင်သနည်းဟု ယောဘက မေးခွန်းဖြစ်ဖြေသည်။ ယောဘသည် ကယ်တင်ခြင်းရ/မရမပြောလိုသော်လည်း အကြီးမြတ်ဆုံးသော ဘုရားသခင်ရှေ့တွင် အပြစ်မဲ့လူသားအဖြစ် မည်သူမျှမရပ်တည်နိုင်ကြောင်းခံယူထားသည်။ လူသည် ဘုရားသခင်က မေးခွန်းထုတ်လျှင် တထောင်တွင်တပုဒ်မျှဖြေနိုင်မည့်သူ မရှိပါ။ ဘုရားသခင်သည် အချုပ်အခြာ အာဏာပိုင်ရှင်၊ တန်ခိုးအစွမ်းပြည့်စုံသူ၊ သဗ္ဗုညုတဉာဏ်တော်ရှင်ဖြစ်သည်။ တောတောင်ရေမြေ၊...