ရာဇဝင်ချုပ်ပထမစောင် ၁၉
၁၉:၁–၄ အမ္မုန်ဘုရင် နာဟတ်သည် ရှောလုမင်းလက်ထက်တွင် ဣသရေလနိုင်ငံအား ဆန့်ကျင်တိုက်ခိုက်ခဲ့သည် (၁ရာ ၁၁ကိုကြည့်၂)။ နာဟတ်မင်းသည် ရှောလုက ဒါဝိဒ်မင်းအားနှိပ်ကွပ်စဉ် ဒါဝိဒ်ကို ကူညီစောင့်ရှောက်သူဖြစ်သည်။ နာဟတ်ကွယ်လွန်ကြောင်းသိရသော သား ဟာနုန်အား နှစ်သိမ့်အားပေးရန် ဒါဝိဒ်မင်းက သံတမန်များ စေလွှတ်သည်။ သို့သော ဟာနုန်သည် သံရေး တမန်ရေး နားမလည်သော အကြံပေးအရာရှိများ၏ အခါတော်ပေးချက်ဖြင့် ဧည့်သည်တော်များကို မဖွယ်မရာမယဉ်မကျေး ဆက်ဆံခဲ့သည်။...