ရှင်ယောဟန်ခရစ်ဝင် ၁၂
၇။ ဘုရားသားတော်မိမိအစီအစဉ်ဖြင့် အမှုတော်ပြုခြင်း (အခန်း ၁၂-၁၇) (က) ဗေသနိတွင် ယေရှုအားဆီလူးခြင်း (၁၂:၁-၈) ၁၂:၁ ဗေသနိသည် မိမိအိမ်သဖွယ် ယေရှုမွေ့လျှော်သောနေရာဖြစ်သည်။ မာသ၊ မာရိ၊ လာဇရုဟူသော မိတ်ဆွေကောင်းများရှိသည်။ ဤတခေါက် ဗေသနိသို့ရောက်လာခြင်းသည် လူ့စကားအရ ပြောရလျှင် စိုးရိမ်သောကဖြင့် ရောက်လာသည်။ အဘယ်ကြောင့် ဆိုသော် သူ့အားရန်ရှာကြသူများ၏ ဌာန ချုပ်ယေရုရှလင်နှင့် လည်း အလှမ်းနီးနေသည်။...