ရှင်ယောဟန်ခရစ်ဝင် ၁၅
(တ) စပျစ်ပင်အစစ် သခင်ယေရှု (၁၅:၁-၁၅) ၁၅:၁ ဓမ္မဟောင်းကျမ်းတွင် ဣသရေလလူမျိုးများအား ယေဟောဝါဘုရားသခင်၏ အကိုင်း အခက် အဖြစ်ဖော်ညွန်းထားသည်။ သို့သော် သစ္စာမရှိ၊ အသီးအပွင့် မသီးကြသဖြင့် သခင်ယေရှု ကိုယ်တိုင် စပျစ်ပင်နွယ် အဖြစ်လူ့လောကသို့ရောက်လာသည်။ ယခင်ကအရိပ်သဖွယ် ရှေ့တော်ပြေးအရိပ် များသည် အကောင်အထည်ဖြစ်လာကြသည်။ ခမည်းတော်ဘုရားသခင် သည် စပျစ်ခြံပိုင်ရှင် ဥယျာဉ်မှူး ဖြစ်သည်။ ၁၅:၂ ငါ၌...