ရှင်ယောဟန်ခရစ်ဝင် ၁၈
၈။ ဘုရားသားတော်၏ ဝေဒနာနှင့် အသေခံတော်မူခြင်း (အခန်း ၁၈၊ ၁၉) (က) ယုဒရှကာရုတ်က သစ္စာဖောက်ခြင်း (၁၈:၁-၁၁) ၁၈:၁ အခန်း ၁၃မှ ၁ရထိအကြောင်းအရာသည် ယေရုရှလင်တွင် ဖြစ်ပွားသည်။ ယခုထိုမြို့တော်မှ အရှေ့ဖက်သံလွင်တောာင်သို့ သခင်ယေရှု ထွက်သွားသည်။ ကေဒြုန်ချောင်းကိုဖြစ်၍ သံလွင်တောင် အနောက် ဆင်ခြေလျှောရှိ ကေသရှေမန်ဥယျာဉ်သို့သွားသည်။ ၁၈:၂-၃ ထိုဥယျာဉ်ထဲတွင် သခင်ယေရှုအချိန်ယူဆုတောင်းလေ့ရှိကြောင်း ရှကာရုတ်သိ...