ရှောလမုန်သီချင်း ၃
၆။ အပျိုမ၏ မိုးကောင်းကင်ချစ်အိပ်မက် (၃း၁-၄) သူငယ်မသည် သူ့ချစ်သူရီးစားသဲဦးဖျားအား အိမ်မက်ထဲမှပင် လိုက်ရှာနေရှာသည်။ တညတသော အခါမိုးအောက်မြေပြင်လိုက်ကြည့်ပါလည်း အရိပ်အယောင်ရှာမတွေ့။ မြို့ပြပန်းခြံ၊ လမ်းခွဆုံနှင့် လမ်းစောင့်ရဲတွေမေးကြည့်ပါသည်။ ထိုစဉ်အခိုက် အနောက်မှ သိုင်းဖက်ပွေ့ချီမလျက် တဲကုပ်ဟော်နန်းသို့ခေါင်ဆောင်သွားပေသည်။ ရွှေရင်ဖိုထဲငြိမ့်ကနဲ။ ၇။ ယေရုရှလင်းသမီးပျိုများအား ထပ်မံသတိပေးခြင်း (၂း၅) သူမ၏ အချစ်ကို အတင်းအဓမ္မနှိုးဆွဖို့၊ ငယ်ချစ်ဦးထံသမင်ဒရယ်များအလျင်ပြေးသို့နှယ် ရောက်ရှိစေဖို့သတိစကားမှာကြားသည်။ ၈။ ယေရုရှလင်တွင်...