Tag: ဝတ်ပြုရာကျမ်း

  • ဝတ်ပြုရာကျမ်း ၁၈

    ၇။ တစ်ဦးခြင်းဆိုင်ရာပညတ်ချက် (အခန်း ၁၈–၂၂) (က) ကာမစင်ကြယ်ခြင်း (အခန်း ၁၈–၂၂)           ၁၈:၁–၅ အခန်းကြီး (၁၈)တွင် တရားဝင်လက်ထပ်ထိမ်းမြားခြင်း မပြုဘဲ လင်မယားအဖြစ် အတူတူနေရသည့် အဲဂုတ္တုပြည်သားတို့၏ အကျင့်၊ ခါနန်ဒေသခံပြည်သူများ၏ အကျင့်မျိုးမကျင့်ကြရန် ကြိုတင်တားမြစ်ထားသည်။ ထိုကဲ့သို့ကျင့်ကြံခြင်း မပြုဘဲ၊ ဘုရားရှင်မိန့်မှာသည့်အတိုင်း ကာမစင်ကြယ်ဖို့ ပြဌာန်းထားသည်။ ၁၈:၆–၁၈ ဖုံးကွယ်ခြင်းမရှိဘဲ ကိုယ်လုံးတီးဖြစ်ခြင်းဆိုသည်မှာ ယောက်ျားနှင့်...

  • ဝတ်ပြုရာကျမ်း ၁၉

    (ခ) နေ့စဉ်အသက်တာ (အခန်း ၁၉)           ၁၉:၁–၂၅ သန့်ရှင်းစင်ကြယ်ရခြင်းအကြောင်းရင်းမှာ “သင်တို့ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိရမည်” (ငယ်၂)ဟူသောကျမ်းစကား ဖြစ်သည်။ ဤကျမ်းချက်တွင် လိုက်နာရမည့် စည်းမျဉ်းနိယာမ အမျိုးမျိုး ပြဌာန်းထားသည်။ မိဘနှစ်ပါးကို ရိုသေစောင့်ရှောက်ရမည်။ ဤအချက်သည် ပညတ်တော်ဆယ်ပါးတွင် ပဉ္စမအချက် အဖြစ် ပြဌာန်းထားပြီးဖြစ်သည် (ငယ်၃)။ ဘုရားသခင်၏ ဥပုသ်တော်နေ့ကို...

  • ဝတ်ပြုရာကျမ်း ၂၀

    (ဂ) အပြစ်ဒုစရိုက်သမားများသို့အပြစ်ဒဏ် (အခန်း၂၀) အခန်း ၂၀သည် အခန်း ၁၈၊၁၉တွင် တားမြစ်ပြဌာန်းချက်များ လိုက်နာခြင်းမရှိ၊ ဖောက်ပြန်သူများအား အရေးယူအပြစ်ဒဏ်ပေးမည့်အကြောင်း ဖြစ်သည်။ မိမိသားသမီးကို မောလုတ်ဘုရားထံသို့ ပို့ဆောင်သူသည် ခဲပါက်သတ်ခြင်းခံရမည် (ငယ်၁-၃)။ သူတပါးအသက်သတ်သူသည် ထိုသူကိုဖြစ်စေ၊ သူ့မိသားစုကိုဖြစ်စေ ဘုရားသခင်က ဖျက်ဆီးမည်(ငယ်၄၊၅)။ စုန်း၊ ကဝေ၊ ဝိညာဉ်ဆိုး၊ အောက်လမ်းဆရာ ကိုးကွယ်သူများသည်လည်း ဘုရားသခင်၏ သန့်ရှင်းခြင်းကို ပုန်ကန်ကြသောကြောင့်...