ဟေရှာယအနာဂတ္တိကျမ်း ၆၃
၆။ ဆိုးယုတ်သူများဝဋ်လည်ကြမည့်အကြောင်း (၆၃:၁-၆) သခင်ဘုရားနိုင်ငံတော်တည်ထောင်သောအခါပထမဦးစွာရန်သူများကို ချေမှုန်းသုတ်သင်မည်။ တစ်ခုနှင့်တစ်ခုအချိန်နာရီ၊နေရာဒေသတူညီကြမဟုတ်။ ပထမအဆင့်မှာအမေဂေဒုန် (ဗျာ၁၆:၁၆)ချိုင့်ဝှမ်းဖြစ်၍နောက်တစ်ခုမှာယဟော ရှဖတ်ချိုင့်ဝှမ်း(ယောလ ၃:၁၂)နှင့်ဧဒုံဒေသဖြစ်သည်။ ဧဒုံဒေသအကြောင်းကို ဤအခန်းကြီး(၆၃)တွင်ရှင်းပြထားပါသည်။ မေရှိယသခင်သည်အထက်ဗောဇ ပြည်မှကြွလာပါသည်။ ဘုန်းတန်ခိုးနှင့်ပြည့်စုံသောအဝတ်အစားများသည်ဣသ ရေလရန်သူတို့၏သွေးဖြင့်ရဲရဲနီမည်။ အဘယ်ကြောင့်ထိုသို့နီမြန်းသနည်း။ အ ဘယ်ကြောင့်ဆိုသော်ဣသရေလတို့ရန်သူများကိုကိုယ်တော်ရှင်ကစပျစ်သီး နယ်နေရပြီ။ ဘုရားရှင်၏လူများကိုကယ်နှုတ်ဖို့မတရားသူများ၊ဆိုးယုတ်သူ များဝဋ်လည်ကြဖို့အချိန်စေ့ပြီ။ အဘယ်သူမှကယ်တင်ကူညီခြင်းငှာမစွမ်းနိုင် ကြသောကြောင့်ဘုရားရှင်ကိုယ်တိုင်ကစီရင်သည်။ ရန်သူများကိုအနိုင်ယူ အောင်ပွဲခံပေးသည်။ ၇။ ရွေးနှုတ်ထားသူများ၏ဆုတောင်း (၆၃:၇-၆၄:၁၂) ၆၃:၇-၁၀...