ဟေရှာယအနာဂတ္တိကျမ်း ၉
၉:၁-၅ မေရှိယသခင်ပေါ်ထွန်းလာမည့်အကြောင်းရှေးရှုဦးတည်ကြပါစို့။ ဣသရေလမြောက်ပိုင်းနယ်နိမိတ်ရှိ နသာလိခရိုင်သည်မြောက်ဖက်နိုင်ငံသား များကကျူးကျော်သိမ်းပိုက်၍၊ဂုဏ်သိက္ခာကျဆင်းခဲ့သော်လည်း ဘုရားသခင်ကဘုန်းတန်ခိုးကျက်သရေရှိသောမြေအဖြစ်ဘုရားရှင်ကသိက္ခာမြှင့်တင်ပေးမည်။ (တပါးအမျိုးသားများ၏နယ်မြေဂါလိလဲဒေသသည်ခရစ်တော်ဘုရားငယ်စဉ် တောင်ကျေးဘဝ လူလည်ရာနှင့် လူထုပရိသတ်သို့တရားတော်ဟောကြားရာအ ရပ်ဒေသတွင်လည်းပါဝင်သည်။) ခရစ်တော် ဘုရားပထမအကြိမ်လူ့လောကသို့ ကြွဆင်းလာခြင်းကြောင့်ဂါလိလဲပြည်သည်လင်းလက်တောက်ပြောင်ခဲ့သည်။ ကိုယ်တော်ဘုရားဒုတိယအကြိမ်ကြွမြန်းလာသောအခါကမ္ဘာမြေပေါ်၌ဆင်းရဲဒု က္ခနှင့်ကျေးကျွန်စနစ်များကုန်ဆုံးပပျောက်မည်။ ဆင်းရဲဒုက္ခအစားပျော်ရွှင် ခြင်းနှင့်သုခချမ်းသာပြည့်စုံလာကြမည်။ ၉:၆ ကိုယ်တော်ဘုရားပထမအကြိမ်ကြွလာမည့်အကြောင်းကို အငယ်၆ ပထမအပိုင်းတွင်ဖော်ပြထားသည်။ “ငါတို့အဘို့သူငယ်ကိုဘွားမြင်၏။ ငါတို့ အားသားကိုသနားတော်မူသည်။ ” ပထမစာစုသည်ကိုယ်တော်ဘုရား၏လူ့ဇာတိခံခြင်းဖြစ်၍၊ ဒုတိယစာစုသည် ဇာတိတော်ဖြစ်သည်။ နောက်ပိုင်းစာစုများသည်...