ဟေရှာယအနာဂတ္တိကျမ်း ၂၁
၈။ ဗာဗုလုန်အမျိုး(၂၁:၁-၁၀) ၂၁:၁-၄ အခန်းကြီး(၂၁)တွင်ပါရှိသည့်ဗျာဒိတ်တော်များသည်ဗာဗုလုန်၊ ဧဒုံနှင့်အာရေဗျများအတွက် အမင်္ဂလာသတင်းဖြစ်သည်။ ရေလွှမ်းမိုးသောကန္တရတောဆိုသည်မှာဗာဗုလုန်ပြည်ဖြစ်သည်။ ပါရှန် ပင်လယ်ကွေ့ဒေသကိုမြင်သာအောင်ညွှန်းဆိုသည်။ ဖျက်ဆီးခြင်းတောင် လေမုန်တိုင်းတိုက်သံသည်ကြောက်မက်ဘွယ်မြည်ဟိန်းသည်။ ပါရှန်း (ဧလံပြည်)နှင့်မေဒိ(မိဒျန်)ပြည်သားများကအနှံ့အပြားဖုံးလွှမ်းလာကြမည်။ ဗာဗုလုန်ပြည်ခံစားရသောပျက်စီးခြင်းမျိုးအခြားသူများကြုံဖူးကြမည်မ ဟုတ်။ မြင်ရသောရူပါရုံသည်ကြောက်လန့်စိုးထိတ်ဖွယ်ရာဖြစ်သောကြောင့် ဟေရှာယသည်အကြီးအကျယ်တုန်လှုပ်ခြောက်ခြားသည်။ ၂၁:၅ အုပ်စိုးသူမင်းများသည်လုံခြုံရေးအစောင့်အကြပ်ချ၍ပွဲတော် တည်နေကြစဉ်“လွှားကိုဆီလောင်းကြ”ဟူသောသတိပေးစကားကြရသည်။ ဤကျမ်းပိုဒ်သည်(ဒံ၅)တွင်ပါရှိသည့်ဗေရှာဇာမင်း၏ပွဲတော်ကိုရည်ညွှန်းကိုး ကားခြင်းဖြစ်မည်။ ၂၁:၆-၁၀ ဘုရားသခင်ကဟေရှာယအားကင်းချထားခိုင်းသည်။ ရန်သူ များသည်မြင်းများရထားများစီး၍အလုံးအရင်းဖြင့်ဝင်ရောက်လာကြမည်။ မြင်းစစ်သည်တော်များသည်နေ့နေ့ညဉ့်ညဉ့်တတွဲစီ၊တတွဲစီဖြင့်အဆက်မ ပြတ်ဝင်ရောက်လာကြမည်။ ထိုစကားသည်မေဒိနှင့်ပါရှန်း(ပေရသိ)များ လက်တွဲဝင်ရောက်လာမည့်အကြောင်းဖြစ်သည်။...