Tag: ဟောရှေအနာဂတ္တိကျမ်း

  • ဟောရှေအနာဂတ္တိကျမ်း ၃

    ၅။ ဟောရှေမိန်းမပြန်ရွေးခြင်းသည် ဣသရေလတို့ ယေဟောဝါဘုရားထံ ပြန်လည်ရောက်ရှိလာမည့်အကြောင်း အတိတ်နိမိတ် (အခန်း၃)           ၃:၁–၃ ထို့နောက်ဘုရားသခင်သည် ဟောရှေအား ပွဲစျေးသို့သွား၍ ဖောက်ပြန်သော သူ့မိန်းမအားပြန်လည် ရွေးယူစေသည်။ ရွေးနှုတ်ခမှာ တစ်ဆယ့်ငါးကျပ် နှင့် ဆန်တစ်တင်းခွဲဖြစ်သည်။ ထိုအဖိုးစားနားကား ကျွန်မိန်းမ၏တန်ဖိုးပမာဏ ဖြစ်သည်။ ထိုနောက်ပိုင်းတွင်မူ အကြင်လင်မယားဖြစ်သည့် အားလျော်စွာ အိမ်ထောင်မှုရေးရာကို မိန်းမဝတ္တရားမပျက် စောင့်ထိန်းစေသည်။ ဤအဖြစ်သနစ်သည်ကား ဣသရေလလူမျိုးတို့၏...

  • ဟောရှေအနာဂတ္တိကျမ်း ၄

    ၆။ လူမျိုးတော်အပေါ် မကျေနပ်မှုများ (အခန်း၄-၁၀) (က)လူများ၏အပြစ်ဒုစရိုက် (၄:၁–၆)           ၄:၁–၃ ဘုရားရှင်သည် ဣသရေလလူမျိုးနှင့် မသင့်မတင့်ဖြစ်နေသည်။ အကြောင်းမှာ ဣသရေလလူများသည် သစ္စာပျက်ခြင်း၊ ကရုဏာခေါင်းပါးခြင်း၊ဘုရားမသိခြင်း၊ ကျိန်ဆဲခြင်း၊မုသာပြောခြင်း၊ လူ့အသက်သတ်ခြင်း၊ ဥစ္စာခိုးဝှက်ခြင်း၊ သူ့မယားပြစ်မှားခြင်းတို့ကို ကျူးလွန်ခြင်းဖြင့် ပညတ်တော်ဆယ်ပါးထဲမှ ငါးပါးကို ချိုးဖောက်ကြောင်း အခန်းငယ်၂က အကျဉ်းရိုးဖော်ပြသည်။ ဤကား ထိုအရပ်ဒေသတွင် ဖြစ်ပျက်နေသောအချိန်အနေ ဖြစ်သည်။ ကျရောက်တော့မည့်...

  • ဟောရှေအနာဂတ္တိကျမ်း ၅

    (င) ယဇ်ပုရောဟိတ်၊လူထုပရိသတ်နှင့် တော်ဝင်မိသားစုတို့၏ ဆိုးညစ်သော အပြုအမူများ(၅:၁–၇) ဘုရင်၊ ယဇ်ပုရောဟိတ်နှင့် လူထုပရိသတ်များက ရုပ်တုကိုးကွယ်ကြ၍ ဣသရေလတမျိုးသားလုံးအား ညစ်ညမ်းစေသဖြင့် တန်းတူအပြစ်ပြုကြမည်။ ဧဖရိမ်သည် ပြည့်ဆာမဖြစ်လေပြီ။ ဣသရေလနှင့် ယုဒအမျိုးသားနှစ်ပါးစလုံးသည် ဘုရားသခင်အား သစ္စာမရှိ၊ ကတိချိုးဖောက်ကြသောကြောင့် အရေးယူအပြစ်ပေးခံကြရမည်။ ယဇ်ပူဇော်ရာသိုးစု၊ နွားစုဆောင်ယူလျက် ဘုရားသခင်ကို ရှာဖွေကြသော်လည်း တွေ့ကြမည်မဟုတ်။ (စ) ဣသရေလနှင့် ယုဒလူများကို တရားစီရင်မည့်သတိပေးချက်နှင့် နောင်တရရန်...