ဟောရှေအနာဂတ္တိကျမ်း ၉
(ဋ) မိမိတို့ဆိုးညစ်မှုကြောင့် ဣသရေလများဖမ်းဆီး ကျွန်ပြုခံရမည်(၉:၁–၁၀:၁၅) ၉:၁–၂ ဣသရေလလူမျိုးတို့သည် ရွှင်လန်းဝမ်းမြောက်ခြင်းရှိကြမည်မဟုတ်။ ရုပ်တုဘုရားများက သူတို့မျော်လင့်ထားသလို ကြွယ်ဝချမ်းသာမှုကို မပေးနိုင်ကြပေ။ ရုပ်တုဆင်းတုများကိုးကွယ်ခြင်းမှာ ဝိညာဉ်ရေးရာ အကျင့်ဖောက်ပြားခြင်းပင် ဖြစ်သည်။ Francis Shaeffer က ဤသို့ရှင်းပြသည်။ ဘုရားသခင်၏ နှုတ်တော်ထွက်စကားတော်ကို သတိပြုကြည့်ပါ။ ထိုအမျိုးသမီးသည် ရိပ်သိမ်းချိန်ကောက်နယ်သလင်း၌ လွတ်လပ်လေဟန်ရှိသည်။ အခကြေးငွေယူပြီး ကောက်နယ်သလင်းပြင်၌ ယောက်ျားတကာနှင့် မွေ့ယာခင်းသည်။...