အာမုတ်အနာဂတ္တိကျမ်း နိဒါန်း
“အခြားပရောဖက်များနှင့်မတူသည်မှာ အာမုတ်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောဖို့ မိမိအသက်တာတဘဝလုံး ဆက်ကပ်ထားခဲ့သူမဟုတ်ပေ။ ပရောဖက်မျိုးရိုးထွက် မဟုတ်သလို ဘုရားကို အထူးလိုက်စားသူလည်းမဟုတ်ပေ။ ဘုရားသခင်၏စေလွှတ်ခြင်းခံမှသာ မိမိသိုးစုကို ခေတ္တခဏစွန့်ခွါပြီး ဗေသလတွင် ဗျာဒိတ်တော်အနာဂတ္တိစကားကို ထုတ်ဖော်ပြောဟောခဲ့သူသာ ဖြစ်သည်။ သတင်းစကား ဟောပြောပြီးသောအခါ မိမိသိုးစုရှိရာ တေကောရွာသို့ပြန်၍ သိုးထိန်းကျောင်းသူ ဖြစ်သတည်း။” Herbert F. Stevenson ၁။ စံတော်မီဝိသေသလက္ခဏာ အာမုတ်ကျမ်းသည် အကောင်းဆုံးဟေဗြဲဓမ္မဟောင်းကျမ်း...