Tag: ဟေဗြဲသြဝါဒစာ

  • ဟေဗြဲသြဝါဒစာ ၆

    ၆:၁ အခန်းကြီး ၅:၁၁တွင် သတိပေးချက်များကို ဤအခန်းတွင် ပြန်လည်ဖော်ပြ ထားပါသည်။ ဓမ္မသစ်ကျမ်းတွင် အငြင်းပွားတတ်သောကျမ်းတစ်ခုဖြစ်သည်။ ဤကျမ်းပိုဒ်အား အနက်ဖွင့်ဆိုရာတွင် သဘောထားကွဲလွဲတတ်ကြသဖြင့် တရားသေဆုံးဖြတ်ခြင်းမပြုလိုပါ။ သို့သော် ဓမ္မသစ်ကျမ်းကို အဓိကအခြေခံထား၍ ရှင်းပြလိုပါသည်။ ပထမဦးစွာ ခရစ်တော်ဘုရားထံပါး၌သာ အခြေပြုရန် တိုက်တွန်းလိုပါသည်။ “နှုတ်ကပတ်တော်၏ မူလအစဖြစ်တော်မူသော ခရစ်တော်” (FWG) သို့မဟုတ် “ခရစ်တော်၏ အစမူလ နှုတ်ကပတ်တော်” (KSW)...

  • ဟေဗြဲသြဝါဒစာ ၇

    ၇:၁    မေခလိဇေဒက်သည် လူ့သမိုင်းအကြောင်းတွင် တစ္ဆေပမာဒင်္ဂသာပေါ်လာ (က ၁၄:၁၈ −၂၀) ပြီးနောက်ချက်ချင်း ပျောက်ကွယ်သွားသည်။ ရာစုနှစ်ပေါင်းများစွာ ကြာလာပြီးမှ ဒါဝိဒ်ကပြန်လည်ထုတ်ဖော်သည် (ဆာ ၁၁၀:၄)။ နောက်တဖန် ရာစုနှစ်ကြာသောအခါ ဟေဗြဲကျမ်း တွင်ပြန်လည်ပေါ်ထွက်လာသည်။ တစ်ခုမှတ်သားရန်ရှိသည်မှာ မေလခိဇေဒက်အသက်တာကိုအသေး စိတ်မှစ၍ ဖြစ်သောကြောင့် သခင်ယေရှုခရစ်တော်နှင့် တူနေသည်။ အခန်းကြီး ၇ အငယ် (၃) တွင် သူနှင့်ပတ်သက်သည့်အကြောင်း...

  • ဟေဗြဲသြဝါဒစာ ၈

    (ခ) အာရုန်ထက်ခရစ်တော်ကြီးမြတ်ခြင်း (အခန်း၈)           ၈:၁    ဤကျမ်းပိုဒ်တွင် ခရစ်တော်၏အမှုတော်သည် ပို၍သန့်ရှင်းစင်ကြယ်သောကြောင့် (အာရုန်ထက်ကြီးမြတ်သည်။ (ငယ် ၁− ၅)။ သာ၍ကောင်းသောပညတ်ချက်လည်း ဖြစ်သည်(ငယ် ၇− ၁၃)။ ကျမ်းပြုသူကအဓိကကြောင်းအချက် မဖော်ပြသော်လည်းဤစာစောင်၏ အဓိကဖော်ပြလို သောအနှစ်သာရဖြစ်သည်ဟု ဖွင့်ဆိုထားသည်။ ယဇ်ပုရောဟိတ်မင်းသည်ငါတို့၌ရှိ၏ ထိုကျမ်းစကားသည် ကျွန်ုပ်တို့ရှိသမျှထဲတွင်အားတက် ရွှင်လန်းဖွယ်ရာ စကားဖြစ်သည်။ ထိုစကားသည်ကနေဦးခရစ်ယာန်များကို ပြောင်လှောင်သရော် သောယုဒလူမျိုးများအား ထုနှက်သည့်အဖြေစကားဖြစ်သည်။...