Tag: ဟေဗြဲသြဝါဒစာ

  • ဟေဗြဲသြဝါဒစာ ၉

    (ဂ) ဓမ္မဟောင်း ပူဇော်သက္ကာပြုသည့်အတိုင်း ခရစ်တော်ဘုရားပူဇော်သက္ကာပြုခြင်း (၉:၁၊ ၁၀:၈) ၉:၁      ၈:၃တွင် ယဇ်ပုရောဟိတ်ဆရာကြီးတိုင်းသည် တစ်ခုခုပူဇော်သက္ကပြုထားရသည်ဟု ဆိုထားပါသည်။ သခင်ခရစ်တော်သည် ထိုဓမ္မဟောင်းပူဇော်သက္ကပညတ်ချက်ကို ဆန့်ကျင်၍ပူဇော် သက္ကပြုရန်အဆင်သင့်ဖြစ်နေသည်။ ဝတ်ပြုကိုးကွယ်သူများ လိုက်နာရမည့်နည်းနာနိဿယျအသစ် ကိုမိတ်ဆက်ပေးသည်။ ၉:၂      တဲတော်သည်သိနာတောင်ပေါ်တွင် ဘုရားသခင်ပုံစံချထားတော်မူသော ပုံစံအတိုင်း တသွေမတိမ်းတည်ဆောက်ရသည်။ တဲတော်ပြင်ပတွင် လွင်ပြင်ထားရှိရသည်။ ခြံစည်းရိုးကာရံ ထားပြီးခြံစည်းရိုးတိုင်များကို ကြေးတိုင်လုပ်ရသည်။ ပိုးထည်သားဖြင့် ကာရံထားရသည်။...

  • ဟေဗြဲသြဝါဒစာ ၁၀

    ၁၀:၁  ပညတ်တော်သည် အနာဂတ်ပေါ်ထွန်းလာမည့် ကောင်းသောအရာများ၏ ရှေ့တော် ပြေးအရိပ်လက္ခဏာ ဖြစ်သည်။ ခရစ်တော်ဘုရားနှင့် ခရစ်တော်၏အမှုတော်များကို ဖော်ညွန်းခြင်း ဖြစ်၍သမုတိသစ္စာတရားဖြစ်သည်။ ခရစ်တော်ဘုရားအား ဖော်ညွန်းခြင်းသည်ခရစ်တော်ပုံတော်ပြ သခြင်းဖြစ်သည်။ လောကပူဇော်သက္ကာပြုခြင်း၏ အားနည်းချက်မှာအထပ်ထပ်အခါခါ ပူဇော်သက္ကာပြုရခြင်း ဖြစ်သည်။ ထိုသို့ကြိမ်ဖန်များစွာ ပူဇော်ဝတ်ပြုခြင်းသည်သန့်ရှင်းစင်ကြယ်သော ဘုရားသခင်အား တွေ့ဆုံရန်အရည်အချင်းမပြည့်မီကြောင်း ပြသသည်။ နှစ်စဉ်နှစ်တိုင်း၊ ထိုပုံစံအတိုင်း၊ ပူဇော်သက္ကာ ပြုခြင်းကိုဆင်ခြင်ကြပါကုန်။ ထိုသို့ကြိမ်ဖန်များစွာ ပူဇော်သက္ကာပြုခြင်းသည်ဝတ်ပြုကိုးကွယ်သူများအား ပြည့်စုံကုံလုံ...

  • ဟေဗြဲသြဝါဒစာ ၁၁

    ခ။ ဓမ္မဟောင်းပုံဥပမာသွန်သင်ချက်များ (အခန်း ၁၁)           ၁၁:၁            ရူပါရုံထားရှိ၍ ဇွဲရှိရှိစောင့်မျှော်လင့်ဖို့တိုက်တွန်းသွန်သင်ထားသည်။ ဓမ္မ ဟောင်းကာလယုံကြည်သူများသည် ၁၀၀ တွင် ၁၀၀ (ရာနှုန်းပြည့်) ဝိညာဉ်ရူပါရုံထားရှိကြသည်။ အရှက်ကွဲအကျိုးနည်းခြင်း၊ အဖြစ်ဆိုးများစွာ ကြုံတွေ့ခဲ့ကြသော်လည်း ယုံကြည်ခြင်းမရွေ့သွားပါ။ ယုံကြည်ခြင်းသည် သမရိုးကျ ယုံကြည်ခြင်းမျိုးမဟုတ်ပါ။ ယုံကြည်ခြင်း၏ အကျိုးသက် ရောက်မှုကိုပြသလိုသည်။ ယုံကြည်မျှော်လင့်ခြင်းထားရှိလျှင် ယုံကြည်သည့်အတိုင်း အကျိုးရလာဒ် ခံစားကြရမည်။ မမြင်သေးသောအရာကို...