ဓမ္မရာဇဝင်ပဋ္ဌမစောင် ၄

(င) ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ (အခန်း ၄–၇)

(၁) ပဋိညာဉ်သေတ္တာဆုံးရှုံးခြင်း (အခန်း ၄)

          ၄:၁–၄ လာမည့်အခန်း(၃)ခန်းသည် ဘုရားခင်၏ပဋိညာဉ်သေတ္တာတော်သယ်ဆောင်ခြင်း၊ စစ်တိုက်ရာတွင် ပါမသွားသဖြင့် နောက်တဖန် သွားယူရခြင်း၊ ဖိလိတ္တိတို့ဘက်တွင် ဘုရားသခင်ရှိတော်မူခြင်း (အခန်း ၅)၊ ဘုရားသခင်ကို မကြည်ညိုကြသောကြောင့် ဣသရေလတို့အလယ်မှ စွန့်ခွာခြင်းတို့ ပါဝင်သည်။ ဧဗာနေဇာအရပ်တွင် ဖိလိတ္တိတို့အား တိုက်ခိုက်ကြသောအခါ လူပေါင်းလေးထောင်ကျဆုံးကြသည်။ သို့ကြောင့် လူကြီးသူမများက ပဋိညာဉ်သေတ္တာတော်အား တပ်စခန်းမှ သွားပြန်ယူခိုင်းသည်။

၄:၅–၁၁ ပဋိညာဉ်သေတ္တာတော်ရောက်ရှိလာသောအခါ ဣသရေလလူတို့သည် အားတက်ကြသကဲ့သို့ ဖိလိတ္တိလူတို့သည် ထိတ်လန့်ကြောက်ရွံ့ ကြသည်။ အဘယ်ကြောင့်ဆိုသော်         ဣသရေလတို့ထံတွင် ယေဟောဝါဘုရားရပ်တည်သည်ဟု နားလည်ကြသည်။ သို့သော်လည်း သေမထူးနေမထူးဟု အားယူကြကာ မိုက်ရူးရဲအရဲစွန့်တိုက်ခိုက်ကြသဖြင့် ဣသရေလစစ်သားပေါင်း သုံးထောင် သတ်ဖြတ်သုတ်သင်၍ ဟောဖနိနှင့် ဖိနဟတ်တို့လည်း ကျဆုံးစာရင်းတွင် ပါဝင်ကြသည်။ ပဋိညာဉ်သေတ္တာတော်လည်း ဖိလိတ္တိတို့လက်ထဲသို့ ရောက်သွားသည်။

၄:၁၂–၂၂ ပဋိညာဉ်သေတ္တာရန်သူ့လက်ထဲသို့ပါသွားခြင်းကြောင့် ခြေမြန်တော်တပ်သားက ယဇ်ပုရောဟိတ် ဧလိအား သွားရောက်သတင်းပို့သောအခါ ဧလိသည် လန့်ဖြတ်နောက်လန်ကြ၍ နောက်စေ့နှင့် သမန်သလင်းစောင့်မိကာ ဇက်ကျိုးသေဆုံးသွားသည်။ အမင်္ဂလာသတင်းပေါင်းစုံကြားသိသောအခါ ဖိနဟတ်မိန်းမသည် သားလျှော၍ မီးနေတွင် သေဆုံးပြန်သည်။ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော် ရန်သူ့လက်ထဲသို့ပါသွားခြင်း။ ယောက္ခမနှင့်လင်သား သေဆုံး၊ကျဆုံးခြင်းတို့ကို အမှတ်ပြု၍ သားနာမည်ကို ဣခဗုဒ်ဟု နာမည်ပေးကြသည်။ အနက်အဓိပ္ပါယ်မှာ “ဘုရားသခင်၏ဘုန်းတန်ခိုးစွန့်ခွာခြင်း” “မောင်စွန့်ခွာ“ ဖြစ်သည်။

Previous Article
Next Article