Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • မာလခိအနာဂတ္တိကျမ်း ၃

    (စ) စကားညှပ်–တရားစီရင်ရန် မေရှိယကြွလာမည့်အကြောင်း (၃:၁–၆)           ၃:၁ အထက်ကျမ်းပိုဒ်မှ ပမာမခန့်ပြု စိန်ခေါ်စကားကို ဤကျမ်းပိုဒ်၌ ဘုရားက ငါ၏စေတမန်ကို စေလွှတ်မည်ဟု ပြန်လည်ဖြေကြားကတိပေးထားသည်။ ထိုစကားအားဖြင့် ဗတ္တိဇံယောဟန်က ပေါ်ထွန်းလာသည့် အခါဗျာဒိတ်တော် တစိတ်တပိုင်းပြည့်စုံလိမ့်မည်။ ထိုပရောဖက်ဧလိယ(၄:၅)သည် သူတို့တောင့်တမျှော်လင့် နေသော သခင်(ဝါ)ပဋိညာဉ်တမန် ကြွလာမည့်လမ်းကို ပြင်ဆင်ဖို့ အမှန်တကယ်ရောက်ရှိလာသည့်အခါ ဗျာဒိတ် တော်လည်း အပြည့်အဝ ပြည့်စုံလာပေသည်။...

  • မာလခိအနာဂတ္တိကျမ်း ၄

    (ခ) ဆိုးယုတ်သူများ အပြစ်စီရင်ခြင်း (၄:၁)           ၄:၁ မီးဖို၌ မီးလောင်သကဲ့သို့သော နေ့ရက်ကာလရောက်လာလိမ့်မည်။ ဒုစရိုက်ပြုသူအပေါင်းသည် အရင်းအဖျားမကျန် အမှိုက်ခြောက်အဖြစ် မီးလောင်ပြာကျလိမ့်မည်။ (ဂ) ရွေးကောက်ထားသူများထံသို့ မေရှိယသခင်ကြွလာခြင်း (၄:၂–၃)           ၄:၂–၃ သစ္စာရှိသော ယုံကြည်သူများအဖို့ တရားနေမင်းက အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော်မူမည်။ နာမတော်ကို ရိုသေလေးမြတ်သူတို့သည် ထိုနေ့ရက်၌ ရန်သူများကို ခြေဖဝါးအောက်မှ...

  • ရှင်မဿဲခရစ်ဝင် နိဒါန်း

    ရုပ်ဝတ္ထုပစ္စည်းများအပေါ် ဩဇာတန်ခိုးလွှမ်းမိုးပုံနှင့် အနှစ်သရ ခန့်ညားမှုသည် အခြား ကျမ်းစာများနှင့် မတူ၊ ဂန္တဝင်မြောက်လှသောကြောင့် ရှင်မဿဲခရစ်ဝင်ကျမ်းနှင့် နှိုင်းယှဉ်စရာအခြားကျမ်း မရှိတော့ပါ။ Theodor Zahn ၁။ စံတော်မီ ဝိသေသလက္ခဏာ ရှင်မဿဲခရစ်ဝင်ကျမ်းသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းကို တံခါးမရှိ၊ ဓါးမရှိဝင်ထွက် သွားလာနိုင်အောင်ဆက်စက်ပေးသော မဟာပေါင်းကူးတံတားကြီးဖြစ်သည်။ ရှေးဦးယုံကြည်သူများ၏ ဖခင်ကြီးအာဗြဟံနှင်ဣသရေလတို့၏ ပထမဦးဆုံး မဟာဘုရင်ကြီး ဒါဝိဒ်တို့ကို ဦးဦးဖျားဖျား မိတ်ဆက်ပေး...