Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
ရှင်မဿဲခရစ်ဝင် ၁
၁။ မျိုးရိုးစဉ်ဆက်နှင့် မေရှိယသခင်ဖွားမြင်တော်မူခန်း (အခန်း ၁) (က) ယေရှုခရစ်တော်၏ မျိုးရိုးစဉ်ဆက် (၁:၁–၁၇) သစ်ပင်တစ်ပင်ပေါက်ဖွားလာပုံရေးသားသကဲ့သို့လူတစ်ဦး၏ မျိုးရိုးစဉ်ဆက်ရေးသားခြင်း သည်မိုက်မဲရာကျသည်ဟု အချို့စာဖတ်ပရိသတ်ကထင်မှတ်နိုင်သည်။ အကြောင်းအရာ ရည်ရွယ်ချက် တစ်စုံတစ်ခုရှိသောကြောင့်ကျမ်းအဖွင့်တွင် ရေးသားခြင်းဖြစ်သည်။ မျိုးရိုးတော်စဉ်ဆက် ဖေါ်ပြရခြင်းရည်ရွယ်ချက်ရှိပါသည်။ သခင်ယေရှုသည် ဒါဝိဒ်၏ ထီးမွေ နန်းမွေဆက်ခံခွင့်ရှိသော နန်းမျိုးနန်းနွယ်ဖြစ်ကြောင်၊ ဣသရေလတို့၏ မေရှိယဘုရင်အမှန် ပီသကြောင်း သက်သေပြခြင်းဖြစ်သည်။ ဒူးမနာဖခင်ယောသပ်ဘက်မှ မျိုးရိုးလိုက်ခြင်းမဟုတ်ကြောင်း...
-
ရှင်မဿဲခရစ်ဝင် ၂
၂။ မေရှိယသခင်၏ ငယ်စဉ်တောင်ကျေးသက်တော်စဉ် (အခန်း ၂) (က) ပညာရှိများရှိခိုးရန်ရောက်ရှိလာခြင်း (၂:၁–၁၂) ၂:၁-၂ ခရစ်တော်ဘုရားဖွားမြင်တော်မူရာတွင် ပြဿနာပေါင်းစုံ ဝိုင်းအုံနေကြောင်း တွေ့ရ သည်။ ဗက်လင်နွားတင်းကုပ်တွင် ယောသပ်နှင့် မာရိတည်းခိုနေစဉ် ဟေရုဒ်မင်းက ယေရှုကို လုပ်ကြံရန် ကြိုးပမ်းခဲ့သည်။ အပိုဒ်ငယ် ၁၁တွင် ပညာရှိများက ယေရှုအား အိမ်တွင်သွားရောက်ဖူးမျှော်သည်ဟုဆို သည်။ ဟေရုဒ်က (၂)နှစ် အရွယ်အောက်...
-
ရှင်မဿဲခရစ်ဝင် ၃
၃။ အမှုတော်နှင့် ဘုန်းတန်ခိုးတော် ထင်ရှားဖို့ပြင်ဆင်ခြင်း (အခန်း ၃–၄) (က) ဗတ္တိဇံယောဟန် ကြိုတင်လမ်းရှင်းခြင်း (၃:၁–၁၂) အခန်း ၂နှင့် ၃အကြားတွင် ခရစ်တော်၏ သက်တော် (၂၉)နှစ်ကာလရှိသည်။ ထုိုကာလ အကြောင်းကို ဖေါ်ပြခြင်းမပြု၊ ထိုကာလအတွင်းတွင် သခင်ယေရှုသည် နာဇရက်မြို့တွင် ရှိနေပြီး အမှု တော်အတွက် ကြိုတင်ပြင်ဆင်သည်။ ထိုနှစ်များတွင် ဘုန်းတန်ခိုးထင်ရှားပြသခြင်းမရှိ။ ဘုရားသခင်၏ မျက်နှာတော်အောက်၌...