Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
တိမောသေသြဝါဒစာပဌမစောင် ၅
၅။ အမျိုးမျိုးသော ယုံကြည်ခြင်းရှိသူများ ကိုင်တွယ်ခြင်း (၅:၁–၆:၂) (က) အသက်အရွယ်အမျိုးမျိုး (၅:၁–၂) ၅:၁ ခရစ်ယာန်မိသားစုများအကြားတွင် ပြုမူရမည့်လှုပ်ရှားမှု ဟန်ပန်လက္ခဏာကို သတိထားရန် သွန်သင်ထားသည်။ ငယ်ရွယ်သူဖြစ်သည့်အားလျော်စွာ စိတ်လိုက်မာန်ပါမလုပ်ဘဲ၊ မိမိထက် အသက်အရွယ်ကြီးသူများကို ညင်သာစွာဆက်ဆံရန် သတိပေးထားသည်။ အသက်ကြီးသောသူကို ကျပ်တည်းစွာမဆုံးမနှင့်၊ အဘကဲ့သို့ မှတ်၍ တောင်းပန်လော့ ဟုဆိုသည်။ ငယ်ရွယ်သူက အသက်ကြီးသူများအား နှုတ်အားဖြင့် မယဉ်မကျေးဆက်ဆံခြင်းသည်...
-
တိမောသေသြဝါဒစာပဌမစောင် ၆
(ဃ) အစေခံကျွန်များနှင့် သခင်များ (၆:၁–၂) ၆:၁ အစေခံကျွန်အကြောင်း ပြောကြရမည်။ အစေခံကျွန်သည် ထမ်းပိုးထမ်းသူများဖြစ်သည်။ ထို ထမ်းပိုးမှာ ကျွန်ဟူသောထမ်းပိုး ဖြစ်သည်။ ပထမဦးစွာ ကယ်တင်ခြင်းမရသော သခင်များအောက်ရှိ ကျွန်များအကြောင်း ပြောပြပါသည်။ ကယ်တင်ခြင်းမရသောသခင်များ ဖြစ်သောကြောင့် မထီမဲ့မြင်ပြုရမည်လား။ ကလန်ကဆန်လုပ်ရမည်လား။ သို့မဟုတ် ထွက်ပြေးရမည်လား။ ဝတ်ကျေတန်းကျေသာ လုပ်ရမည်လား။ ထိုသို့မဟုတ်ရပါ။ မိမိသခင်ကို ရိုသေထိုက်သမျှ ရိုသေရမည်။...
-
တိမောသေဩဝါဒစာ ဒုတိယစောင် နိဒါန်း
တိမောသေဩဝါဒ ဒုတိယစာစောင် ပါလက်စတိုင်းပြင်ပတွင် တည်ထောင်သော အသင်းတော်များ သမ္မာလမ်းမှ သွေဖီခြင်းအတွင် ဆုံးမဩဝါဒပေးသော ရှင်ပေါလု၏ ရင်တွင်းဖြစ်စကား ဖြစ်သည်။ N. Darby ၁။ စံတော်မီ ဝိသေသလက္ခဏာ လူတိုင်းချစ်ခင်သူ၏ နောက်ဆုံးပြောစကားကို ပညာရှိများက ချီးမွမ်းလေ့ရှိသည်။ တိမောသေ ဒုတိယစာစောင်သည် ပေါလု၏ နောက်ဆုံးစကားဖြစ်သည်ဟု တိကျစွာ မဆိုနိုင်သော်လည်း နောက်ဆုံးရေးသော စာစောင်ဖြစ်ကြောင်း နားလည်ကြသည်။ လက်ထောက်ဖြစ်သူ...