Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
ဖိလေမုန်ဩဝါဒစာ ၁
၁။ နှုတ်ခွန်းဆက်သခြင်း (၁:၁–၃) ၁:၁ ရှင်ပေါလုက သူ့ကိုယ်သူ တမန်တော်အဖြစ် မိတ်ဆက်ခြင်း မပြုဘဲ၊ ထောင်သားအဖြစ် မိတ်ဆက်သည်။ တမန်တော်ဟု သုံးနှုန်းနိုင်သော်လည်း အနှိမ်ခံဘဝဖြင့် သူ့ကိုယ်သူ ချိုးနှိမ်ထားသည်။ ထိုသို့မိမိကိုယ်ကို ချိုးနှိမ်ခြင်းသည် ကောင်းကင်ကောင်းကြီးမင်္ဂလာခံစားရာ ဖြစ်သော်လည်း စင်စစ်တွင် ယေရှုခရစ်တော်၌ အကျဉ်းသားအမှန်ဖြစ်သည်။ ရောမအကျဉ်းထောင်၌ တမိနစ် ထောင်နန်းစံခြင်းသည် ဘုရင်တကာတို့၏ဘုရင် ဘုန်းတော်ဖူးမြင်ရာဖြစ်သည်။ သူ့စာစောင်အတိုင်းဆိုလျှင် တိမောသေလည်း...
-
ဟေဗြဲဩဝါဒစာ နိဒါန်း
”အငြင်းပွားစရာရှိသော ရေးသားချက်သည် ကျမ်းစာမမည်၊ ထို့ထက်ဆိုးသည်ကား ဝိညာဉ်တော် မပါရှိသော စာရေးသားချက်ပေတည်း” Conybeare and Howson ၁။ စံတော်မီ ဝိသေသလက္ခဏာ ဟေဗြဲဩဝါဒစာစောင်သည် ဓမ္မသစ်ကျမ်းစာများထဲတွင် ထူးခြားနက်နဲသောကျမ်း ဖြစ်သည်။ အခြားပေးစာများကဲ့သို့ အဖွင့်မပါရှိပါ။ နိဂုံးသာပါရှိသည်။ သေချာသည်မှာ အီတလီ သို့မဟုတ် အခြားတနေရာရာ(၁၃:၂၄)မှ ဟေဗြဲခရစ်ယာန်များသို့ အထူးရေးသားသော စာစောင် ဖြစ်သည်။ မိမိထုံးတမ်းစဉ်လာနှင့် ရှေးကုသိုလ်စီမံရာကို...
-
ဟေဗြဲသြဝါဒစာ ၁
၁။ ခရစ်တော်၏မဟာလူသားပါဝင်မှု (၁:၁၊၄:၁၃) (က) ပရောဖက်ထက်ခရစ်တော်ကြီးမြတ်မှု (၁:၁ဝ၃) ၁:၁ ဤကျမ်းပိုဒ်ထက် ရှင်းလင်းနားလည်လွယ်သော အခြားဩဝါဒစာမရှိပါ။ နိဒါန်းအဖွင့် ပဏာမ ခြေဆင်းစကားများမပါဘဲ ဆိုလိုရင်းကိုထိမိအောင်ဖွင့်ဆိုထားသည်။ ဝိညာဉ်တော်အသိ ဖြင့် သခင်ယေရှုခရစ်တော်၏အမြင့်ဆုံးသော ဘုန်းတန်းခိုးကိုပြသခြင်းဖြစ်ဟန်တူသည်။ အစတွင်ဘုရားသခင်စေခိုင်းသော ပရောဖက်များ၏ ဖွင့်ပြချက်များကို သားတော်ယေရှု၏ ဖွင့်ဟချက်များနှင့် နှိုင်းယှသ်သည်။ ပရောဖက်များသည်ဘုရားသခင်၏ ပြောရေးဆိုခွင့် ရှိသူများ ဖြစ်သည်။ ယေဟောဝါဘုရားရှင်၏အစေခံများဖြစ်သည်။...