Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
ဟေဗြဲသြဝါဒစာ ၂
၂:၁ သခင်ခရစ်တော်သည် ဘုရားသားတော်ဖြစ်သောကြောင့် ကောင်းကင်တမန်များထက် ကြီးမြတ်ကြောင်း ကလောင်ရှင်က အချက်ကျကျအပြည့်အစုံဖော်ပြထားသည်။ ကိုယ်တော်သည် ကောင်ကင်သားအနွယ်ဝင်ဖြစ်၍ ကြီးမြတ်ခြင်းသာမဟုတ်။ လူသားဘဝတွင်လည်းကြီးမြတ်သူ ဖြစ်ကြောင်း ဤဩဝါဒတွင် တွေ့ရသည်။ ဧဝံဂလိတရားနှင့် မကင်းဖို့သတိပေးခြင်းလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကြီးမြတ်သောဆုလက်ဆောင်သည် သတင်းကောင်း ကြားရသူများ အတွက် ပို၍များပြားသောကြောင့်တည်း။ ကိုယ်တော်ထံပါးမှ ဝေးကွာ၍ ဘာသာရေး ထုံးတမ်း စဉ်လာတွင်သာ တင်းတိမ်နေခြင်းသည် အချိန်မရွေး အန္တရာယ်ရှိနေသည်။...
-
ဟေဗြဲသြဝါဒစာ ၃
(၈) မောရှေနှင့် ယောရှုထက်ခရစ်တော်ကြီးမြတ်ခြင်း (၃:၁၊ ၄:၁၃) ၃:၁ မောရှေသည် ဣသရေလလူမျိုး၏တစ်ဦးတည်းသော မဟာအမျိုးသားသူရဲကောင်းကြီး ဖြစ်သည်။ သို့ကြောင့် ကလောင်ရှင်က တတိယအချက်အနေဖြင့် ထိုမောရှေထက် ယေရှုခရစ်က ပိုမိုကြီးမြတ်ကြောင်း ပြသသည်။ ကျမ်းပိုဒ်ကို ”ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ သန့်ရှင်းသောညီအစ်ကိုတို့” ဟူ၍ ခြေဆင်းခင်းထားပါသည်။ အမှန်တကယ်ယုံကြည်သူများသည် စင်ကြယ်သူများဖြစ်ကြသောကြောင့် အသက်တာအသီးသီးသည်လည်း စင်ကြယ်သည်။ ခရစ်တော်၌...
-
ဟေဗြဲသြဝါဒစာ ၄
၄:၁–၁၃ ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ ငြိမ်ဝပ်ရာနေရမည့်အကြောင်း ဖြစ်သည်။ သမ္မာကျမ်းစာတွင် ငြိမ်၀ပ်ချမ်းသာရာယူမည့်နေ့ အမျိုးမျိုးကို သတိပြုမိကြပါမည်။ ၁။ ခြောက်ရက်မြောက်ပြီးနောက် တနေ့တွင် ဘုရားသခင်သည် ငြိမ်ဝပ်စွာနေသည် (က ၂:၂)။ ထိုငြိမ်ဝပ်စွာနေခြင်းသည် ပင်ပန်းနွမ်းနယ်၍ အနားယူခြင်း မဟုတ်ပါ။ ပြုချင်တော်မူသော အမူတော် ပြီးဆုံးသောကြောင့် ငြိမ်ဝပ်စွာ ချမ်းသာယူခြင်း ဖြစ်သည်။ ချမ်းမြေ့စွာအနားယူခြင်း ဖြစ်သည် (က...