ဓမ္မသစ်ကျမ်း
ဓမ္မသစ်ကျမ်း
-
ကောရိ န္တု သြဝါဒစာဒုတိယစောင် ၁၂
(စ) တမန်တော်စစ်မှန်ကြောင်း ဗျာဒိတ်တော်ဖြင့် ရှင်းပြချက် (၁၂:၁–၁ဝ) ၁၂:၁ ပေါလုသည် အလျဉ်းမဝါကြွားလို။ ဝါကြွားခြင်းသည် အကျိုးအမြတ်မရှိကြောင်းလည်း သိသည်။ သို့သော်မပြောမပြီး၊ မတီးမမြည်၍ အနည်းငယ်ဂုဏ်ယူဝါကြွားချင်သည်။ အနိမ့်ဆုံးသောနေရာထိအောင် မိမိကိုယ်ကို နှိမ့်ချသော်လည်း ပေါလု၏အမှုတော်ဆောင်ခြင်းသည် အမြင့်ဆုံးနေရာရောက်ရှိသည်။ ထို့ကြောင့် သခင်ဘုရားထံတော်မှ ရရှိသော ရူပါရုံနှင့် ဗျာဒိတ်တော်များရရှိသည်။ ၁၂:၂ လွန်ခဲ့သော တဆယ့်လေးနှစ်တုန်းက လူတယောက်သည် တတိယကောင်းကင်နိုင်ငံသို့...
-
ကောရိ န္တု သြဝါဒစာဒုတိယစောင် ၁၃
၁၃:၁ ပေါလု ကောရိန္သုသို့ရောက်လာသောအခါ ရေးသားခဲ့သမျှသော အပြစ်အနာများမတွေ့ချင်။ တရားတော်အတိုင်း ဖြစ်စေချင်သည်။ တရားတော်အတိုင်းဆိုသည်မှာ (တရား ၁၉:၁၅)ပါ ”အမှုကိစ္စမှန်သမျှကို သက်သေနှစ်ဦး၊သုံးဦးတို့၏ ထွက်ဆိုချက်အရ စီရင်ဆုံးဖြတ်ရမည်”ကျမ်းချက်ဖြစ်သည်။ ဆိုလိုသည်မှာ ပေါလုကိုယ်တိုင် စီရင်ကြားနာမည်မဟုတ်။ ဒေသန္တရအသင်းတော်၏ လုပ်ထုံးနည်းနာများကို သွန်သင်ခြင်း ဖြစ်သည်။ (ဈ) ကောရိန္သုသားများက ပေါလုအား ထောက်ခံခြင်း (၁၃:၂–၆) ၁၃:၂ ပေါလု၏...
-
ဂလာတိသြဝါဒစာ နိဒါန်း
”တကမ္ဘာလုံး၏ဝိညာဉ်ရေးရာ ထာဝရလွတ်မြောက်ရေးဖြစ်သည်။” Charles R. Erdman. ၁။ စံတော်မီဝိသေသလက္ခဏာ အင်္ဂလိပ်ဘာသာစကားသုံးနှုန်းကြသော စကော၊ အိုင်ရစ်၊ ဝေလ ဗြိတိန်နှင့်ပြင်သစ်လူမျိုးများကလည်း ဂလာတိဩဝါဒ စာကို သူတို့ဘိုးဘေးများသို့ ပေါလု ပထမဦးဆုံးရေးသောစာအဖြစ် လက်ခံကြသည်။ ‘Galatia’ ‘Celt’ ‘Gaul’ များသည် စကားလုံးတစ်လုံးတည်းဖြစ်၍ ကာလကြာသည်နှင့်အမျှ ရွေ့လျားသော စကားလုံးဖြစ်သည်။ ဘီစီ ၂၇၈ ဝန်းကျင်တွင်...