ဓမ္မသစ်ကျမ်း
ဓမ္မသစ်ကျမ်း
-
ဂလာတိသြဝါဒစာ ၁
၁။ ပုဂ္ဂိုလ်ရေး–မိမိအခွင့်အရေးကို ခုခံကာကွယ်ခြင်း (အခန်း၁–၂) (က) စာရေးရခြင်းရည်ရွယ်ချက် (၁:၁–၁ဝ) ၁:၁ ပေါလုက သူသည် လူ့အဖွဲ့အစည်းများက ရွေးချယ်ခန့်အပ်သူမဟုတ်။ အစဉ်အလာအရ အမွေဆက်ခံ၍ လည်းမဟုတ်။ ယေရှုခရစ်တော်ကိုယ်တိုင်နှင့် ဘုရားသခင်ကိုယ်တော်တိုင် ရွေးကောက်ခန့်အပ်ထားသည့် တမန်တော် ဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံသည်။ ဘုရားသခင် ရွေးကောက်ခန့်အပ်သူဖြစ်သည်နှင့်အညီ အမှုတော်ထမ်းဆောင်ရာတွင် လူ့မျက်နှာကို ထောက်စရာမလို၊ ကြောက်စရာမရှိ။ သို့ကြောင့် သူ၏အမှုတော်လုပ်ငန်းသည်လည်း...
-
ဂလာတိသြဝါဒစာ ၂
၂:၁ ပဉ္စမအချက်အနေဖြင့် ယေရုရှလင်သို့ ပေါလုရောက်ရှိသောအခါ သူဟောကြားသော ဧဝံဂေလိတရားအား တမန်တော်များက ထောက်ခံကြသည် (၂:၁-၁ဝ)။ ယေရုရှလင်၌ အသင်းတော်ရှိလာသောအခါ တမန်တော်များသည် ဋ္ဌာနချုပ်သဖွယ်သဘောထား၍ ဝင်ထွက်သွားလာကြသည်။ မိခင်အသင်းတော်အဖြစ် ခံယူကြသည်။ ပေါလုသည် ယေရုရှလင်မှ တမန်တော်မဟုတ်သောကြောင့် အနေကြဲသည်။ နောက်တဖန်ကြာမှ ယေရုရှလင်သို့ တစ်ခေါက်ရောက်လာ သည်။ အသက်တာ ပြောင်းလဲပြီး (၁၄)နှစ်အကြာ သို့မဟုတ် သာသနာ့ခရီးတစ်ခေါက် လျှောက်လှည့်ပြီးမှ...
-
ဂလာတိသြဝါဒစာ ၃
၂။ အယူဝါဒ–ယုံကြည်ခြင်းဖြင့်ဖြောင့်မတ်စင်ကြယ်ခြင်း (၃:၁–၅:၁) (က) ဧဝံဂေလိတရား၏ ကြီးမြတ်မှု (၃:၁–၉) ၃:၁ ဂလာတိသားများ၏ အားနည်းချို့ယွင်းမှုကို ထောက်ပြထားသည်။ ကျေးဇူတော်တရားမှ ပညတ်တရားသို့ နောက်ပြန်လှည့်အောင် မည်သူကလှည့်စား သွေးဆောင်သနည်း။ လှည့်စားခြင်းဆိုသည်မှာ မျက်လှည့်၊ မှော်အတတ်ပညာ ဝေါဟာရ ဖြစ်သည်။ ပေါလုကမည်သူလှည့်စားသနည်းဟုဆိုသည်။ ဂရိဝေါဟာရတွင် tis၉ ဖြစ်၍ တစ်ဦးတစ်ယောက်တည်းကို ဆိုလိုသည်။ ယေရှုခရစ်တော်သည် ဂလာတိသားများအတွက် လက်ဝါးကပ်တိုင်ပေါ်တွင်...