ဗျာဒိတ်ကျမ်း ၅

() သိုးသူငယ်နှင့် တံဆိပ်ခုနှစ်ချက် ခတ်နှိပ်ထားသောစာချွန် (အခန်း )

          : ဘုရားသခင်၏ လက်ထဲတွင် တံဆိပ်ခုနှစ်ချက် ခတ်နှိပ်ထားသော စာချွန်တော်ရှိသည်။ ထိုစာချွန်တော်သည် သခင်ယေရှု နိုင်ငံတော် မတည်ထောင်မှီ အပြစ်စီရင်ခြင်း ခံရမည့်သူများ၏ မှတ်တမ်းမှတ်ရာဖြစ်သည်။

          : စာစောင်ကိုဖွင့်၍ တံဆိပ်ခွာဖို့ရာ မည်သူ ထိုက်တန်သနည်းဟု အားကြီးသော ကောင်းကင်တမန်ကဆိုသည်။ မည်သည့် ကောင်းကင်သား၊ မြေကြီးသားတစ်စုံ တယောက်မှ ပေါ်ထွက်မလာ။ ထိုစာကို ဖွင့်၍ တံဆိပ်ခွာဖို့ အရည်အချင်း ပြည့်မှီသူမရှိကြ။ ကောင်းကင်တမန်၊ လူ၊ ဉာဏ်ပညာထက်မြတ်သူ၊ အသိတရားကြွယ်ဝသူထဲတွင် တစုံတဦးမှ အပြစ်စီရင်ပိုင်သူမရှိ။

          : ထိုသို့ တယောက်မှ မစွမ်းသည်ကို တွေ့မြင်သောအခါ ယောဟန်သည် ငိုချ၏။ လူ့လောကမှ မှားယွင်းသောအရာများ ဆက်လက်မှားယွင်းနေမည်။ ဖြောင့်မတ်မှန်ကန်ခြင်းသည်လည်း မခိုင်လုံ။ ဒုစရိုက်သမားများသည်လည်း အပြစ်စီရင်ခြင်းမရှိဘဲ၊ ဤအတိုင်းရှိနေမည်ဟု ဆိုလိုသလား။ ကမ္ဘာလောကကြီးရှိ ထော်ထော်ကန့်လန့်ကာကို ဖြုတ်ထုတ်ရုံဘဲ ဖြုတ်ထုတ်ပြီး၊ နိုင်ငံတော်တည်ထောင်ခြင်း မပြုတော့ဘူးဟု ဆိုလိုသလား။

          : ထိုအခါ အသက်ကြီးသူ တပါးအားလာရောက် ချော့မော့သည်။ ယုဒလူမျိုး ခြင်္သေ့တည်းဟူသော ဒါဝိဒ်၏ အမြစ်က ထိုစာစောင်ကို၎င်း တံဆိပ်ခုနှစ်ချက်ကို၎င်း ဖွင့်နိုင်သည်ဟု မင်္ဂလာစကားလာပြောသည်။ ယေရှုခရစ်တော်သည် ဉာဏ်ပညာတော်နှင့်၎င်း၊ ဘုန်းတန်ခိုးတော်ဖြင့်၎င်း၊ ထိုစာချွန်တော်အား ဖွင့်​ဖောက်နိုင်စွမ်းရှိသည် (ယော ၅:၂၂-၂၇) ခရစ်တော်၏ ဘုန်းတန်ခိုးနှင့် ကရာနီ အမှုတော်အားဖြင့် စွမ်းဆောင်နိုင်သည်။

ဗျာဒိတ်ကျမ်းတွင် သခင်ဘုရားအား သိုးသူငယ်နှင့် ခြင်္သေ့ပုံဆောင်ထားသည်။ ဘုရားသခင်၏ သိုးသူငယ်ပုံဆောင်ခြင်းဖြင့် သန့်ရှင်းစင်ကြယ်မှုကို ပြသည်။ လောကအပြစ်သားများကို ယူဆောင်သွားသူဖြစ်သည်။ ခြင်္သေ့အနေဖြင့် ရဲရင့်ပြတ်သားစွာ အမှုစီရင်မည်။ ရန်သူများကို အပြစ်စီရင်မည်။ ပထမအကြိမ်ကြွလာစဉ်တွင် သိုးသူငယ်ကဲသို့ ကြွလာ၍၊ ဒုတိယကြွလာသောအခါ ခြင်္သေ့ကဲ့သို့ ရောက်လာမည်။

: ပလ္လင်တော်ကို သတ္တဝါလေးခုနှင့် အသက်ကြီးသောသူများက ဝန်းရံထားသည်။ သူတို့အလယ်တွင် သိုးသူငယ်သည် အသက်မရှိတော့သကဲ့သို့ ငြိမ်သက်စွာ ရှိနေ၏။ ထိုသိုးသူငယ်တွင် ဦးချို()ချောင်း (အနန္တတန်ခိုး) နှင့် မျက်စိ()လုံး ((သဗ္ဗညုတဉာဏ်တော်) ရှိ၏။ ဘုရားသခင်၏ ဝိညာဉ်တော် ခုနှစ်ပါးဆိုသည်မှာ သခင်ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ပြည့်စုံသည်ဟု ဆိုလိုသည် (ယော ၃:၃၄)။ ထို ဘုရားသခင်၏ ဝိညာဉ်တော် ()ပါးကို ကမ္ဘာမြေပေါ် အဝှမ်းနေရာတိုင်းမှာ ရှိနေစေပါသည်။

          : သိုးသူငယ်သည် အဘ ဘုရားသခင်၏ လက်ျာတော်မှ စာချွန်တော်အား လက်ခံတော်မူသောအခါ သတ္တဝါများနှင့် အသက်ကြီးသူများသည် သိုးသူငယ် ရှေ့မှောက်တွင် ခယပြပ်ဝပ်ကြ၏။ စောင်းနှင့် ရွှေဖလားကို အသီးသီးကောင်ယူ၍ သန့်ရှင်းသူများ၏ မီးရှို့ရာ နံ့သာပေါင်း ပဌာနတော်များဖြင့် သွန်းလောင်းတော်မူသော အသွေးတော်များအား ချီမွမ်းသီဆိုကြ၏။

:၁၀ သီဆိုကြသော သီချင်းသစ်မှာ အသွေးတော်ဖြင့် ရွေးနှုတ်သည့်အကြောင်း၊ သိုးသူငယ်တော်၏ ကယ်တင်ခြင်းကို ဝန်ခံမည့်အကြောင်း ဖြစ်သည်။ မေးစရာရှိသည်မှာ ထိုအသွေးတော်ဖြင့် ရွေးနှုတ်သည့်အထဲတွင် သူတို့ကိုယ်တိုင် ပါဝင်ပါသလား။ (“ဘုရားသခင်ထံတော်ပါးသို့ ကျွန်ုပ်တို့အား ရွေးနှုတ်တော်မူပြီ” ဟုဆိုထားသည်။ သို့မဟုတ် အခြားကျမ်းစာအုပ်များတွင် “အသီးသီးဘာသာစကားကို ပြောသော လူမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ အကျွန်ုပ်တို့ကို ယူ၍ အသွေးတော်နှင့် ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူ၏”ဟုဆိုထားသည်။

ရွေးနှုတ်ခြင်းအပြင် ဘုရားသခင်က ယုံကြည်သူဘုရင်များ၊ ယဇ်ပုရောဟိတ်များအား ကိုယ်တော်အား ကိုးကွယ်ဖို့၊ သက်သေခံဖို့နှင့် အနှစ်တထောင်ကာလတွင် ကိုယ်တော်နှင့် အတူ အုပ်စိုးဖို့ စီမံခန့်ခွဲထားသည်။

:၁၁ ထိုသတ္တဝါများနှင့် အသက်ကြီးသူများ၏ ချီးမွမ်းသီချင်းအား သံပြိုင်၍ သီဆိုသူ ကောင်းကင်တမန်များ ထောင်သောင်းမကရှိရာ ကုဋေကဋာ အသင်္ချေရှိသည်။

:၁၂ ထိုယုံကြည်သူများက “အသေသတ်ခြင်း ခံရသော သိုးသူငယ်သည် ခံထိုက်ပေသည်“ဟု ချီးမွမ်းသီဆိုကြသည်။

တန်ခိုး             –  ဘဝအသက်တာ၊ အသင်းတော်၊ ကမ္ဘာမြေ၊ စကြာဝဠာအပေါ်၊

ကြွယ်ဝခြင်း                 –  ရှိရှိသမျှ ရွှေနှင့်ငွေ။

ဉာဏ်ပညာ                   –  အသိဉာဏ်၏ စွမ်းပကား။

ခွန်အား                                 – အမှုတော်အတွက် ဗလအားအင်။

လေးစားခြင်း               –  စိတ်နှလုံးအရင်းဖြင့် ကြည်ညိုခြင်း။

ချီးမွမ်းခြင်း                – ဘဝတစ်ခုလုံးဖြင့် ဆက်ကပ်ကိုးကွယ်ခြင်း။

ကောင်းကြီး                – ရှိသမျှ အစွမ်းဖြင့် ချီးမွမ်းမည်။

မင်္ဂလာ

          :၁၃ သူတို့သီချင်းမှာ ကောင်းကင်မြေကြီး မြေအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ရှိသော ဝေနေယျသတ္တဝါ အပေါင်းတို့က သိုးသူငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီးမင်္ဂလာ ဂုဏ်အသေရေ ဘုန်းအာနုဘော် ရှိတော်မူစေသတည်းဟူ၍ဖြစ်သည်။

ဤကျမ်းပိုဒ်သည် ဖိ ၂:၁၀-၁၁ နှင့် ကျမ်းပြိုင်ဖြစ်သည်။ ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမကို ဒူးထောက်၍ နှုတ်ဖြင့် ဝန်ခံသဖြင့် ခမည်းတော်၏ဘုန်းအသေရေတော်ကို ထင်ရှားစေကြမည်ဟု ဆိုသည်။ အချိန်အခါ မဖော်ပြထားသော်လည် ကယ်တင်ခြင်း ရရှိသူများထမြောက်၍၊ ကယ်တင်ခြင်း မရသူများ ထာဝရအပြစ်စီရင်မည့် အချိန်အခါဖြစ်သည်။ ယုံကြည်သူတိုင်းက သခင်ခရစ်တော်အား သခင်အဖြစ်ဝန်ခံ၍၊ မယုံကြည်သူများက ငြင်းပယ်ကြသည်။ အဖခမည်းတော်နှင့် သားတော်၏ ဘုန်းတန်ခိုးတော်သည် ကြီးမြတ်လှပါသည်တကား။

          :၁၄ အပြီးသတ်တွင် သတ္တဝါလေးပါးတို့ကလည်း အာမင်ဟု ဆိုကြသည်။ အသက်ကြီးသူများသည် ပြပ်ဝပ်ကိုးကွယ်၍ ထာဝရကာလပတ်လုံး ဘုန်းတော်ထင်ရှားစေသားဟု အာမဘန္ဒေပြုကြသည်။

Previous Article
Next Article