ဗျာဒိတ်ကျမ်း ၆

() ဖွင့်ထားသော တံဆိပ် ()ခု (အခန်း )

          : သိုးသူငယ်က ပထမတံဆိပ်ကို ဖွင့်ချသောအခါ သတ္တဝါလေးထဲမှ တပါးက ယောဟန်အားလာ၍ ကြည့်ရှုလော့ ဟု အော်ခေါ်၏ ၁၅။ မြင်းဖြူစီးသောသူသည် လေးကိုလက်ကကိုင်လျက် ထွက်လာသည်။ ထိုမြင်းဖြူနှင့် လေးသည် ယနေ့သိပ္ပံခေတ် စစ်အေးတိုက်ပွဲကို ဆောင်၍ လေးသည်စစ်သဘောဖြစ်သည်။ သို့သော် လေးပါသော်လည်း မြားမပါသောကြောင့် စစ်အေးတိုက်ပွဲဖြစ်သည်။ တနည်းပြောရလျှင် တနေရာနှင့်တနေရာ အဝေးမှ တိုက်ခိုက်နိုင်သော ဒုံးပျံ၊ တိုက်ချင်းပစ်ဒုံး၊ လက်နက်ကြီးတိုက်ပွဲကို ရည်ညွှန်းသည်။ ထိုမြင်းစီးသူရဲသည်လည်း စင်စစ်တိုက်ပွဲ မဝင်သဖြင့် ဒုတိယတံဆိပ် မရှိမခြင်း၊ ငြိမ်သက်ခြင်း မရှိနိုင်သည့် အဓိပ္ပာယ်သက်ရောက်နေသည်။

          : ဒုတိယတံဆိပ်ဖွင့်သောအခါ အခြားသတ္တဝါ တပါးက လာကြည့်လှည့်ပါဟု ခေါ်ပြန်၏။ မြင်းနီတစီး ထွက်လာသည်။ ထိုမြင်းစီးသူရဲသည် တိုက်ပွဲဝင် ဓားမကြီးကို ကိုင်ဆောင်၏။ ထိုတံဆိပ်သည် အချင်းချင်း တဦးကိုတဦး စစ်တိုက်ရမည့် အကြောင်းဖြစ်သည်။ လောကငြိမ်သက်ခြင်းကို ရုတ်သိမ်းဖို့ ပြင်၏။

          : တတိယ သတ္တဝါကလည်း ခေါ်ပြန်၏။ တတိယတံဆိပ်ဖွင့်သောအခါ မြင်းနက်ကြီးတကောင် ထွက်လာသည်။ မြင်းစီးသူရဲသည် ချိန်ခွင်ကိုင်ထွက်လာသည်။ ချိန်ခွင်၏ အနက်မှာ မကြာခဏ တိုက်ပွဲဖြစ်၍ အငတ်ဘေးကြုံရမည့် နိမိတ် လက္ခဏာဖြစ်သည်။ ထိုသတ္တဝါလေးပါး ပြောသည်ကား ဒေနာရီတပြားနှင့် ဂျုံဆန်တခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဂျုံဆန်နှင့် မုယောဆန်ကို ရောင်းဝယ်ခွင့် ပိတ်ထားခြင်းဖြစ်သည်။ ချိန်ခွင်သည် အလေးတင်းတောင်းချိန်တွယ်ရာ ဖြစ်၍ အငတ်ဘေးစိုက်မည့်အကြောင်းဖြစ်သည်။ ဆီနှင့်စပျစ်ရည်ကို မပျက်စေဖို့ ပြောကြသည်။ အချို့က ထိုအမယ်များသည် မရှိဆင်းရဲသားများအစာ ဖြစ်သည်ဟုဆိုသည်။ အကယ်၍ ထိုရိက္ခာများသည် လုံလောက်သော ဒေသထွက်ကုန်မှန်လျှင် ခြိုးခြံချွေတာခိုင်းမည်။ မည်သို့ပင်ဖြစ်စေ၊ လူကုံတံများ အတွက်မူ ဆန်ရေစပါး၊ စားနပ်ရိက္ခာ ဖူလှုံ လုံလောက်နေပေမည်။

          : စတုတ္ထတံဆိပ်ဖွင့်သည်ကို ကြည့်သောအခါ မြင်းမွဲထွက်လာ၏။ ထိုမြင်းစီးသူရဲ၏ အမည်မှာ မရဏဖြစ်၏။ ထိုမရဏသည် ရုပ်အင်္ဂါနှင့် မရဏကို စိတ်ဝိညာဉ်များဖြင့် ဆက်စပ်၏။ စစ်ပွဲ၊ အငတ်ဆင်းရဲ၊ ရောဂါဆိုးများဖြင့် သားရဲဆိုးပမာ လောကကြီးကို ဖျက်စီး၏။ တီဘီရောဂါပိုးသည် ယခုခေတ်တွင် ဆေးသိပ္ပံပညာက အနိုင်ယူသောကြောင့် မူစရာမလို။ သို့သော်လည်း ထို့ထက်ဆိုးဝါးသော ရောဂါဆိုးများ တမျိုးပြီးတမျိုး၊ ကုမစားနိုင်အောင်ပေါ်ထွက်လာသည်။ ဂျက်လေယာဉ်များဖြင့် သယ်ဆောင်ဖြန့်ဝေသည့်အလား ကမ္ဘာတခွင်တွင် ရောဂါပျံနှံ့သက်သာလျက်ရှိသည်။

          : ဤကျမ်းပိုဒ်တွင်ဘေးဒဏ်ကြီးကာလ၌ ပထမဦးဆုံး မာတုရများ (မ ၂၄:၉)၊ နိုင်ငံတော်ဒေသနာအကြောင်းကို ဟောပြောကြသော ယုဒယုံကြည်သူများနှင့် သက်သေခံချက်ကြောင့် အသက်ပေးခဲ့သူများကို တွေ့ရသည်။ သူတို့ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ တွေ့ရသည်။

          :၁၀ သူတို့အသွေးအတွက် လက်တုံပြန်ပေးရန် အချုပ်အခြာ ဘုရားရှင်တော်အား ဟစ်ကြ၏။ မြေကြီးပေါ်မှာ နေသောသူတို့ဆိုသည်မှာ လောကကြီးကို မိမိအိမ်သဖွယ် မှတ်ယူနေကြသော မယုံကြည်သူများကို ဆိုလိုသည်။

:၁၁ ထိုမာတုရများအား ဖြောင့်မတ်စင်ကြယ်ခြင်း လက္ခဏာ ဖြစ်သော ဝတ်ရုံဖြူပေးထား၏။ ဘေးဒဏ်ကြီးကာလ မာတုရများစုံလင်သည်အထိ စောင့်ဆိုင်းဖို့ ပြောထားရသည်။

          :၁၂၁၃ ဆဠမတံဆိပ်တော်ကို ဖွင့်လှစ်သောအခါ အလွန်တုန်လှုပ် ခြောက်ခြားဖွယ်ရာ တွေ့မြင်ရသည်။ ကုန်းနှင့် ရေပြင်တခုလုံး ငလျင်ကြီးလှုပ်သောကြောင့် မိုးကောင်းကင်ကြယ်များလည်း ဖရိုဖရဲဖြစ်ကုန်သည်။ နေလုံးသည်လည်း မဲမှောင်လျက်၊ လသည်လည်း သွေးခြင်းနီ၏။ ကြယ်များသည်လည်း သင်္ဘောသဖန်း သီးပမာ တဖြုတ်ဖြုတ် ကြွေကြကုန်သည်။

          :၁၄ မိုးကောင်းကင်သည်လည်း ဖျာလိပ်သကဲသို့ လိပ်သွား၏။တောင် တန်းကြီးများနှင့် ရေပေါ်ကျွန်းများသည်လည်း နေရာရွေ့လျားကြ၏။

          :၁၅ လူထုလူတန်းစား အလွှာစုံသည် အလန့်တကြား ထိတ်ထိတ်ပြာဖြစ်ကုန်၏။ ဘုရားသခင်၏ အမျက်ဒေါသဖြစ်ကြောင်း သရှိကြသဖြင့် ပုန်းအောင်းစရာ လှိုဏ်ဂူနှင့် ကျောက်ဆောင်၊ ကျောက်ဂူများ လိုက်ရှာကြသည်။

          :၁၆၁၇ ခိုအေားင်းစရာ ကျောက်ဆောင်၊ လိုဏ်ခေါင်း လိုက်ရှာကြသော်လည်း သိုးသူငယ်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ အပြစ်စီရင်ခြင်းကို ပုန်းရှောင်၍ မရပေ။ သိုးသူငယ်၏ အမျက်ဒေါသပြေစေဖို့ရန် အချိန်နောက်ကျသွားပြီ။

Previous Article
Next Article