ဗျာဒိတ်ကျမ်း ၇

() ဘေးဒဏ်ကြီးကာလ၌ ကယ်တင်ခြင်း ( အခန်း )

ဆဠမတံဆိပ်တော်နှင့် သတ္တမတံဆိပ်တော်ကြားတွင် အခန်း၇ ပါရှိ၍ ယုံကြည်သူများအတွက် အရေးကြီးသော အကြောင်းနှစ်ချက်ပါဝင်သည်။ အခန်း ၆၏ မေးခွန်းကို ဖြေကြားထားသည်။ “မည်သူတွေ ရပ်နေနိုင်မည်နည်း”။ ဤအခန်းတွင် ခရစ်တော်နှင့်အတူ အနှစ်တထောင် အုပ်စိုးမည့်သူများ ပါရှိလာသည်။

          : ကောင်းကင်တမန်လေးပါးသည် မြေ၏ လေးမျက်နှာတို့၌ ရပ်နေသည်ကို မြင်ရ၏။ လေမလာစေခြင်းငှာ ဆိုခြင်းမှာ ကမ္ဘာမြေကြီးကို မကွဲစေခြင်းငှာ လေမုန်တိုင်းကြီးများကို ထိန်းသိမ်းခြင်းဖြစ်သည်။ ဘုရားသခင်၏ အစေခံများအား တံဆိပ်ခတ်ပြီးမချင်း ထိုကြောက်လန့်ဖွယ်ရာအား ဆိုင်းငံ့ပေးရန်၊ ကောင်းကင်တမန်များက တောင်းဆိုထားသည်။ ဣသရေလ တစ်ဆယ့်နှစ်မျိုးမှ လူပေါင်းတစ်သောင်းနှစ်ထောင်ကို တံဆိပ်ခတ်နှိပ်ရမည်ဖြစ်သည်။

          : ယုဒယုံကြည်သူများထံမှ လူပေါင်းတစ်သိန်းတစ်သောင်း လေးထောင်သည် သီးသန့်ဖြစ်သည်။ ဤရာစုမှ တပါးအမျိုးသားများ မပါပါ။ ဤကယ်တင်ခြင်းခံရသောသူများမှာ ကနဦးဘေးဒဏ်ကြီးကာလမှ သန့်ရှင်းသူများဖြစ်သည်။ နဖူးပေါ်မှာ ခတ်နှိပ်ရမည့် တံဆိပ်မှာ ဘုရားသခင်က ပိုင်ဆိုင်ကြောင်းနှင့် လာမည့် ဘေးဒဏ်ကြီး(၇)နှစ် ကာလတွင် အသက်ရှင်ရမည့်အကြောင်း အာမခံချက်ဖြစ်သည်။

ထိုလူမျိုးများစာရင်းတွင် ဧဖရိမ်နှင့် ဒန်လူမျိုးစု မပါရှိပါ။ ထိုသူများသည် ရုပ်တုဆင်းတု ကိုးကွယ်ရာတွင် ဦးဆောင်သူများဖြစ်သောကြောင့် ချန်လှပ်ထားဟန်တူသည်။ အချို့က အန္တီခရစ်များသည် ဒန်လူမျိုး (က ၄၉:၁၇) ဖြစ်သည်ဟု ဆိုကြသည်။ ယောသပ်နှင့် လေဝိလူမျိုးနွယ်စု စာရင်းထဲမှာပါရှိသည်။ ယောသပ်က သားတော်မောင် ဧဖရိမ်ကို ခေါ်ဆောင်လာသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်ရာ မရှိပါ။

          : ဤကျမ်းပိုဒ်မှ လူမျိုးများမှာ တပါးအမျိုးသားများဖြစ်သည်။ မျိုးနွယ်စု၊ လူမျိုး၊ နှင့် ဘာသာစကား ပေါင်းစုံဖြစ်သည်။ပလ္လင်တော်နှင့် သိုးသူငယ်ရှေ့တွင် ဝတ်ဖြူဝတ်ဆင်လျက် ရှိနေကြသည်။ (သန့်ရှင်းသူများ၏ စင်ကြယ်ခြင်း) အောင်နိုင်ခြင်း၊ အမှတ်လက္ခဏာဖြစ်သော သံလွင်ခက်ကို ကိုင်ဆောင်ကြသည်။

          :၁၀ ထိုတပါးအမျိုးသားများမှာ ဘေးဒဏ်ကြီးကာလအတွင်း သခင်ယေရှု ကယ်တင်ခဲ့သောသူများဖြစ်သည်။ ဘုရားသခင်နှင့် သိုးသူငယ်သည် ကယ်တင်တော်မူသော အရှင်သခင်ဖြစ်ကြောင်း ချီးမွမ်းသီချင်း ဟစ်ကြွေးကြသည်။

          :၁၁၁၂ ကောင်းကင်တမန် အသက်ကြီးသူများနှင့် သတ္တဝါလေးပါးတို့သည် ဘုရားသခင်အား အတူတကွ ကိုးကွယ်ကြသည်။ ကယ်တင်ခြင်းကို အောက်မေ့သတိရလျက် ချီးမွမ်းသီဆိုကြသည်။ သီချင်းဆရာက “ကောင်းကင်တမန်များသည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်း အရသာကို မခံစားဘူးကြ” ဟုစပ်ဆိုဘူးသည်။ သို့သော်လည်း ဘုရားရှင်တော်၏ ချီးမွမ်းထိုက်သော ချမ်းသာခြင်း ဝိသေသထူးခြားချက်များကို သီဆိုကြသည်။

          :၁၃၁၄ အသက်ကြီးသောသူတပါးအား ယောဟန်က ဝတ်ရုံဖြူများသည် မည်သူတွေဖြစ်၍ အဘယ်ကလာသနည်းဟုမေးသည်။ မသိဘူးဟု ဝန်ခံသော်လည်း သိချင်နေသည်။ အသက်ကြီးသူက ဘေးဒဏ်ကြီးမှ ကယ်တင်ခြင်း ခံရသူများဖြစ်၍ သူတို့အပြစ်များကို အသွေးတော်ဖြင့် ဆေးကြောခံသူများဖြစ်ကြောင်း ရှင်းပြသည်။ F B Meyer က”မျက်နှာ ချင်းဆိုင် ဆုံတွေ့ကြသောအခါ အဘယ်မျှလောက် ငြိမ်သက်ချမ်းသာရာ ပြည့်စုံသောကတိတော်ဖြစ်မည်နည်း။ ဘုရားရှင်တော်သာ သိနိုင်ပါသည်”ဟုဆိုသည်။

          :၁၅ အသက်ကြီးသောသူက သူတို့နေရာနှင့် အလုပ်ကိုပြောပြသည်။ ထိုတပါးအမျိုးသားများသည် ကောင်းကင်နိုင်ငံနှင့် အနှစ်တထောင်ကာလတွင် ကမ္ဘာမြေပေါ်၌ စိုးစံမည့် အကြောင်းကို ကျမ်းစာသင်တန်းသားများက ဘဝင်မကျနိုင်ကြ။ နေရာမှန်ကောင်းကြီးပေးခြင်း ဖြစ်ပါသည်။  အနှစ်တထောင် ကာလပြောရလျှင် ဘုရားသခင်၏ ပလ္လင်တော်နှင့် ဗိမာန်တော်သည် ယေရုရှလင်မြို့တော်ကို ရည်ညွှန်းခြင်းဖြစ်သည် ( ယေဇ ၄၀-၄၄)။

ကောင်းကြီးမင်္ဂလာများကို ရေတွက်မည်ဆိုလျှင် –

အမှန်တကယ်နီးစပ်ခြင်း              ။ ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှာရောက်ရှိခြင်း။

ပြည့်စုံသောအမှု                                      ။ ဗိမာန်တော်၌ နေ့နေ့ညည ဆက်ကပ်ခြင်း။

ပြည့်စုံသောမိဿဟာယ                          ။ပလ္လင်တော်၌ စိုးစံတော်မူသော အရှင်သခင်သည် သူတို့အလယ်တွင် ရှိနေ မည်။         

:၁၆   ပြည့်စုံသော ကျေနပ်မှု     ။ ငတ်မွတ်ဆာလောင်ခြင်း မရှိပါ။

ပြည့်စုံသော လုံခြုံမှု      ။ နေခြည်အလျှင်း အထိ၊ အပူမခံရ။

:၁၇   ပြည့်စုံသော လမ်းညွှန်မှု။ ပလ္လင်တော်တွင် စိုးစံသော သိုးသူငယ်သည် သိုးထိန်းဖြစ်၍

         အသက်စမ်းရေစီးဆင်းရာသို့ ပို့ဆောင်တော်မူသည်။ (NKJU

Margin) ပြည့်စုံသော ပျော်ရွှင်ခြင်း။ မျက်ရည်စများကို သုတ်ပေးတော်မူမည်။

Previous Article
Next Article