ကမ္ဘာဦးကျမ်း ၁၈
သောဒုံနှင့် ဂေါမောရ (အခန်း ၁၈–၁၉)
၁၈:၁–၁၅ အခန်းကြီး(၁၇)ပြီးဆုံးသည့်နောက်တွင် ကောင်းကင်တမန်တော်(၃)ပါး ပေါ်ထွန်းလာသည်။ နှစ်ပါးသည် ကောင်းကင်တမန်ဖြစ်၍ ကျန်တစ်ပါးသည် ဘုရားရှင် ကိုယ်တော်တိုင် ဖြစ်ပုံရသည်။ အရှေ့အလယ်ပိုင်းသာများ ထုံစံအတိုင်း ဧည့်သည်များကို အာဗြဟံနှင့်စာရာက လှိုက်လှဲပျူငှာစွာ ဧည့်ခံကြသည်(ဟေဗြဲ ၁၃:၂)။ ထိုဧည့်သည် (၃)ပါးအနက်မှ အကြီးဆုံးဖြစ်ဟန်တူသူက စာရာ ကလေးမွေးမည့် အကြောင်း အာဗြဟံသို့ပြောသည်ကို စာရာက တံခါးကွယ်မှကြားသိ၍ ရယ်သွမ်းသွေးသည်။ ထိုသို့ရယ်ခြင်းမှာ ကလေးမွေးချိန်တန် အရွယ်လွန်သွားသောကြောင့် ဖြစ်သည်။ ဧည့်သည်တော်ကြီးက ဘုရားသခင် မတတ်စွမ်းနိုင်သောအရာ ရှိသလောဟု ဆိုသည်။ စာရာသည် ထိုစကားကို ကြားသိသောအခါ ဝမ်းသာသော်လည်း မယုံဝံ့။ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေသည်။ ဘုရားသခင်၏ စကားတော်ကိုမူ အစဉ်အမြဲ ယုံကြည် စွဲမှတ်သည် (ဟေဗြဲ ၁၁:၁၁)။
၁၈:၁၆–၃၃ ဘုရားသခင်သည် အာဗြဟံထံသို့ ကိုယ်ထင်ပြသပြီးနောက် သောဒုံမြို့အား ဖျက်ဆီးဖို့ ရှိသည်။ ကောင်းကင်တမန် (၂)ပါးသည် မြို့ထဲသို့ လျှောက်သွားကြသည်။ ထိုသို့ သောဒုံမြို့ ဖျက်ဆီးမည့်အကြောင်းကို အာဗြဟံက ဈေးဆစ်သည်။ သောဒုံမြို့မှာ ဖြောင့်မတ်သူ ၅၀ မှ ၄၅ မှ ၄၀ မှ ၃၀ မှ ၂၀ မှ ၁၀ထိ ဈေးဆစ်သည်။ (၁၀)ယောက်ရှိလျှင် သောဒုံမြို့ကို မဖျက်ဆီးဟု ဆိုသည်။ အာဗြဟံ၏ သောဒုံမြို့အတွက် ဆုတောင်းပေးချက်ကို ယနေ့ ယုံကြည်သူများ သင်ခန်းစာယူသည့်သည်။ ကမ္ဘာမြေကြီး တရားစီရင်မည့် အကြောင်းသည် ဖြောင့်မတ်စင်ကြယ်သူ လူဦးရေအပေါ်မှာ အခြေခံကြောင်း နားလည်ရသည် (ငယ် ၂၅)။ ထို့အပြင် အောက်ကျို့ နှိမ့်ချမှုသည် ဘုရားသခင် သိကျွမ်းမှုအပေါ်တွင် အခြေပြုရသည်။ အာဗြဟံ၏ လျှောက်လဲချက်သာလျှင် ဘုရားသခင်အား ဆိုင်းငံ့စေနိုင်သည် (ငယ် ၃၃)။ လူ့ဘဝအသက်တာ တွင် ကြုံတွေ့ရသော အမှုလက္ခဏာပေါင်းစုံ၏ အဖြေကို အပိုဒ်ငယ် (၂၅)တွင် အဖြေပေးထားပါသည်။