ဆာလံကျမ်း ၄၀

ဆာ ၄၀ ကယ်တင်တော်မူပြီ

အပြစ်ဖြေရာယဇ်နှင့် မီးရှို့ရာယဇ်ကို တောင်းတော်မမူ(ငယ်၆:၈) ဟူသော ကျမ်းစကားကို လူသိများကြသည်။ မေရှိယနှင့် ပတ်သက်သော ဆာလံကျမ်းပီသပါသည်။ ထိုအကြောင်းကို သခင်ယေရှုနှင့် ပတ်သက်၍ ဟေဗြဲ ၁၀:၅ တွင် သုံးထားပါသည်။ ပထမပိုင်းကို ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်း နောက်ပိုင်းကိုမူ ကားတိုင်ပေါ်မှ ဝေဒနာအကြောင်းရေးထားသည်။ ထိုသို့ရှေ့နောက် ပြောင်းပြန်ရေးခြင်းကို နားလည်ရခက်သည်။ သို့သော် ရှေ့ပိုင်းကျမ်းချက်များမှာ ကိုယ်တော်ရှင်ပြန်ထမြောက်ခြင်း သေချာသည်။  ဆာလံကျမ်း အဆုံးပိုင်းမှာ ဘေးဒဏ်ကြီးကာလအတွင်း ရွေးနှုတ်ထားသော ယုဒလူမျိုးအတွက် ဆုတောင်းချက် ဖြစ်သည်။ ဤဆာလံကျမ်းသည် သခင်ယေရှုနှင့် ပတ်သက်သည်။ ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်း ကားတိုင်ပေါ်မှ ဆင်းရဲဒုက္ခ အကြောင်းဖြစ်သည်။ အနောက်တိုင်းသားများအတွက်မူ အကြောင်းအရာက အဓိကအချက်ဖြစ်သည်။

၄၀: ဤကျမ်းချက်တွင် စကားပြောသူသည် မေရှိယအရှင် ယေရှုဖြစ်သည်။ သူ့ဆုတောင်းသံကို နားညောင်း၍ သေခြင်းမှ ကယ်နှုတ်ရန် ဘုရားရှင်ထံသို့ တောင်းလျှောက်သည်။ သခင်ယေရှုသည် ဆုတောင်းသည့်အတိုင်း အမြဲတမ်းအဖြေရှိသည်မဟုတ်။ သို့သော် ငြင်းပယ်ခြင်းမဟုတ်၊ အချို့နှောင့်နှေးခြင်း ဖြစ်ကြောင်း ကိုယ်တော်သိရှိသည်။ ဘုရားသခင်သည် ဆုတောင်းသံများကို နားညောင်း၍ အကောင်းဆုံးအချိန် အကောင်းဆုံးအခြေအနေတွင် အဖြေပေးလေ့ရှိပါသည်။

ဘုရားရှင်၏ ကူညီမစမှုသည် နောက်ကျခြင်းမရှိ အချိန်မှန်ပေးပါသည်။

အမှောင်ရိပ်ကာလရောက်လျှင်လည်း နောက်ကျခြင်းမရှိ။

ကိုယ်တော်ကို ယုံကြည်မှုသည် အချည်းနှီးမဖြစ်။

၄၀: ကိုယ်တော်အား ပျက်စီးရာတွင်းနှင့် အလွန်ဆုံးသော ရွှံ့ထဲက ကယ်နှုတ်လျက် ဘုန်းတန်ခိုးထင်ရှားစေပြီ။ အပြစ်၊ စာတန်၊ သေခြင်း၊ မရဏာနိုင်ငံများကို အနိုင်ယူပြီး ထာဝရအသက်ရှင်သော ဘုရားသခင်က လူ့ဘဝခြေလှမ်းတိုင်းကို ပြင်ဆင်ပေးသည်ဟု မည်သူတွေးဆဖူးပါသလဲ။

ဘုရားသခင်က ခရစ်တော်ဖြင့် သင်္ချိုင်းကုန်းနှင့် ရွှံ့နွံထဲက ရွေးနှုတ်သည်မှာ တမူထူးခြားပါသည်။ သိကြသည့်အတိုင်း လူ့ဘဝသည် အပြစ်အနာအစာဗလပွဖြစ်သည်။ အသက်တာမပြောင်းလဲသူ၏ ဘဝခရီးသည်။ စိုးရိမ်ထိတ်လန့်ဘွယ်ဖြစ်သည်။ ဖောက်ပြန်သော ယုံကြည်သူသည် လိမ်လည်လှည့်ဖျားသူဖြစ်သည်။ ဖျားနာခြင်း၊ ဆင်းရဲဒုက္ခရောက်ခြင်း၊ ကြေကွဲဝမ်းနည်းခြင်း၊ ရွှံနွံထဲသို့ ကျရောက်သည်။ လမ်းပြသူ ရှာဖွေနေစဉ်မှာပင် မကြာခဏ နောက်ချေးပုံသို့ ကျရောက်တတ်သည်။ တခါတရံ အထီးကျန်ခြင်း သတ္တိနဲသူရဲဘောကြောင်ကြသည်။ ထိုအပြစ်မျိုးသည် မမေ့နိုင်စရာ အတွေ့အကြုံဖြစ်သည်။ မည့်သို့ပင် ဆုတောင်းကြသော်လည်း ထူးခြားမလာ။ ထိုအခါမျိုးတွင် သခင်ယေရှု၏ စိတ်ရှည်သည်းခံပုံကို စောင့်ကြည့်ရသည်။ အချိန်တန်လျှင် ခြေလှမ်းများကို မြဲမြံအောင် ကျောက်ပေါ်မှာ တည်စေပါသည်။ ဘေးကင်းလုံခြုံစေပါသည်။

          ၄၀: ဘုရားသခင်သည် ချီးမွမ်းကိုးကွယ်စရာ စင်စစ်ဖြစ်သည်။ လူတို့၏ ပါးစပ်ဖျားတွင် ချီးမွမ်း သီချင်းသစ်ပေးသည်။ ဘုရားသခင်အား ချီးမွမ်းသီချင်းသင်ပေးသည်။

ဘုရားသခင်၏ကယ်နှုတ်ခြင်းသည်  ချီးမွမ်းခြင်းသည်သာမက သက်သေခံစရာလည်းဖြစ်သည်။ လူများက ဘုရားသခင်ကို ချစ်ကြောက်၍ ကိုးစားကြလိမ့်မည်။ ဤကျမ်းစကားသည် သခင်ယေရှု၏ ပြန်လည်ထမြောက်ခြင်းအကြောင်း ဖြစ်သည်။ အုတ်ဂူဟောင်းလောင်းသည် အသက်ရှင်တော်မူသော ဘုရား၏ အဆုံးမရှိသော ယုံကြည်ခြင်းအကြောင်းနှင့် ဆက်စပ်သည်။

၄၀: ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို သိရှိသူများသည် ရှင်ပြန်ထမြောက်တော်မူသော ကယ်တင်ရှင်၏ ကြီးမြတ်ပုံ၊ ဝိညာဉ်ရေးရာ သမ္မာတရားစုကို နားလည်သိရှိကြသည်။ ဘုရားသခင်ကို ကိုးစား သူများသည် မင်္ဂလာရှိကြသည်။ ဘုရားသခင်ကို ယုံကြည်သူများသည် အမှန်တကယ်ပျော်ရွှင်ချမ်းမြေ့ကြသည်။ တုပနှိုင်းယှဉ်စရာ မရှိ။ ဘုရားသခင်ကို အရှင်သခင်အဖြစ် ခံယူသူများသည် ဘဝကံကြမ္မာ ဖန်တီးနိုင်သူများ ဖြစ်သည်။ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ပုံစံ ပိုင်ဆိုင်သူများဖြစ်သည်။ ထိုအကြောင်းကို Augustine က “ကိုယ်တော်က အကျွန်ုပ်တို့၏ စိတ်နှလုံးသည် ကိုယ်တော်ထံသို့ ငြိမ်သက်ခြင်းမရရှိ နိုင်ကြပါလား”ဟု ဆိုသည်။

ဘုရားသခင်ထံသို့ ချဉ်းကပ်သူသည် မင်္ဂလာရှိသည်နှင့်အညီ မာန်မာနလည်းမရှိ။ ရုပ်တုဘုရားတု နောက်သို့လည်း မလိုက်။ ဘဝမာယာရှင်နှစ်ပါးမှ ကင်းလွတ်သည်။ လူ့စိတ်နှလုံးတွင် မာန်မာန၊ ရုပ်ဝတ္ထုပစ္စည်း တည်းဟူသော ဘုရားတုနှင့် ကာမဂုဏ်သည် အစဉ်လှည့်စားလျက်ရှိသည်။ ဘုရားတရားသိကျွမ်းသူသည် လူ့အရေးအရာထက် ဘုရားအမှုတော်၌ ပျော်ရွှင်သည်။ ရုပ်တုဘုရားတု ပတ်ဝန်းကျင်၌ ကျင်လည်ခြင်းမရှိ။

၄၀: ဘုရားသခင်၏ ကရုဏာတော်သည် ရေတွက်ချင့်ချိန်၍ မကုန်နိုင်အောင် ထုထယ်ပမာဏ ကြီးမားလှပါသည်။ ဘုရားရှိသော သူများအပေါ်သို့ ထားရှိသော အကြံအစည်တော်နှင့် ကရုဏာတော်သည် ရေတွက်၍ မကုန်နိုင်ပါ။ ဘုရားသခင်၏ဖန်ဆင်းသော အရာများကို ပြီးပြည့်စုံအောင် မည်သူမှ မရေတွက်နိုင်ပါ။ ဘုရားပေးဝိညာဉ် ကောင်းကြီးမင်္ဂလာ၊ ရွှေးကောက်ခြင်း၊ ကံဇာတာစီမံခြင်း၊ ဖြောင့်မတ်စေခြင်း၊ ရွေးချယ်ခြင်း၊ သီးခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ကယ်တင်ခြင်း အသစ်တဖန်မွေးဖွားခြင်း၊ ဝိညာဉ်တော်စိုးစံခြင်း၊ ဝိညာဉ်တော်တံဆိပ် ခတ်နှိပ်ခြင်း၊ ဝိညာဉ်တော်လမ်းပြခြင်း၊ ဘိသိက်ပေးခြင်း၊ သားအရာပေးခြင်း၊ အမွေခံခြင်း၊ ဘုန်းတန်ခိုးပေးခြင်း များသည် ကြီးမားပါစေသည်။ ထုတ်ဖော်ကြားပြောရမည်ဆိုသော် ရေတွက်၍ မကုန်နိုင်ပါ။

            ဘုရားရှင်၏ မဟာကရုဏာတော်သည်

            အကျွန်ုပ်၏ စိတ်ဝိညာဉ် ထမြောက်ရာတည်း။

            အကျွန်ုပ်သည် မှောင်မိုက်တောမှာ ပျောက်ဆုံးပါလျက်

            မေတ္တာတော်ဖြင့် ကယ်ထုတ်လို့ ချီးမကုန်နိုင်။

Joseph Addison

၄၀: အထက်တွင် ဆိုပြီးသည့်အတိုင်း ငယ် ၆-၈ သည် မေရှိယအကြောင်းဖြစ်သည်။ ဟေဗြဲ ၁၀:၅-၉အရ ဤကျမ်းချက်သည် ဘုရားသားတော် လူ့လောကသို့ ဆင်းသက်လာသည့် စကားတော်ဖြစ်သည်။ ကိုယ်တော်သည် ဣသရေလ လူမျိုးအတွက် ယဇ်နှင့်ပူဇော်သက္ကာပေးလှူတော့်မည် မဟုတ်။ ယဇ်နှင့်ပူဇော်သက္ကာသည် အရိပ်အဖြစ် အတိတ်မှာ ကျန်ရစ်ခဲ့ပြီ။ အခိုက်အတန့်ကာလမှာ မီးရှို့ရာယဇ်နှင့် ဒုစရိုက်ဖြေရာ ယဇ်ကိုယ်စား တဦးတည်းသော သားတော်၏အော်သံကို နားစွင့်တော်မူသည်။ တနည်းအားဖြင့် သခင်ယေရှု၏အလိုတော်ကို ဝန်ခံသည်။ ခရစ်တော်သည် လိုလိုလားလား နာခံသော အသိစိတ်ဓါတ်ဖြင့် လူ့လောကသို့ ကြွလာခဲ့သည်။

အကျွန်ုပ်နားကိုဖွင့်တော်မူပြီဟူသော ကျမ်းချက်ကို KRVကျမ်းမူတွင် “My ears You have opened”ဟုမပါဘဲ “Ears thou hast digged for me”ဟု သုံးထားသည်။ အချို့သော ဓမ္မစရိယများက ထွ ၂၁:၆-၅ပါဟေဗြဲကျွန်ကို ရည်ညွှန်းသည်ဟု ဆိုကြသည်။ အကယ်၍ ကျေးကျွန်သည် သတ္တမနှစ်တွင် ကျွန်ဘဝမှ မလွတ်မြောက်လိုလျှင် နားရွက်ကို ပွတ်စူးဖြင့် ဖောက်၍ သခင်၏ထာဝရကျေးကျွန် ခံယူရသည်။ ခရစ်တော်၏ လူ့ဇာတိခံယူခြင်းသည်လည်း ထိုသဘောအတိုင်းဖြစ်သည်။ (ဖိ ၂:၇)။ နောက်တခေါက်ပြန်လာသည့်တိုင်အောင် သူ့လူများကို အကျိုးပြုနေမည် (လု ၁၂:၃၇)

အကျွန်ုပ်၏ “နားကိုဖွင့်တော်မူပြီ”ဟူသော ကျမ်းစကားသည် ဟေဗြဲ ၁၀:၅ တွင် “အကျွန်ုပ်အဘို့ ခန္ဓာကိုယ်ပြင်ဆင်တော်မူပြီ”ဟု ပြောင်းလဲလာသည်။ ထိုသို့ပြောင်းလဲရခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော် လုပ်ဆောင်မှုဖြစ်သည်။ စကားပြေအတိုင်းဆိုလျှင် နားရွက်ကို အပေါက်ဖောက်သည်။ ဓမ္မသစ်ကျမ်းအရမူ လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်။

၄၀:၇၊၈  ခရစ်တော်၏ လူ့ဇာတိခံယူခြင်းသည် အားမသန် မာန်လျော့ခြင်းမဟုတ်။ စေခိုင်းသောကြောင့် တာဝန်ကျေ လုပ်ဆောင်ခြင်းမဟုတ်။ သခင်ယေရှုကိုယ်တိုင် မိမိသဘောဆန္ဒအရ လုပ်ဆောင်ခြင်းဖြစ်သည်။ “ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်အသားရေးသားသည်နှင့်အညီ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံ၏။ အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်၏တရားသည် အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏”ဟု ဝန်ခံသည်။ ဓမ္မဟောင်း ကျမ်းများတွင် ခရစ်တော်ကြွလာမည့်အကြောင်း မျက်နှာဖုံးသတင်းများအဖြစ် တဖွဖွပြောဆိုခဲ့ကြပြီး ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်သည်လည်း ခမည်းတော်၏အလိုတော်ကို လိုလားစွာ ဝန်ခံလုပ်ဆောင်သည်။ ခမည်းတော်၏ အလိုတော်ကို ဦးနှောက်ဖြင့် မဆုံးဖြတ်။ စိတ်နှလုံးဖြူစင်စွာ ဝန်ခံသည်။

၄၀:၁၀ လူ့လောကတွင် ခရစ်တော်သာသနာပြုမည့်အကြောင်း ဖြစ်သည်။ ဖြောင့်မတ်ခြင်းတရားကို ပရိသတ်အလယ်မှာ အကျွန်ုပ်ဟောပါပြီ။ ဘုရားပေးတာဝန်များကို သိနိုင်မလား။ ဘုရားသခင်၏ကယ်တင်ခြင်း တရား၊ သစ္စာတရားနှင့် ချစ်ခြင်းမေတ္တာတော်များကို ထိန်ချန်သိုဝှက်ခြင်းမပြုဘဲ၊ အိတ်သွန်ဖာမှောက် ဟောပြောပါသည်။ လူသားတွေသိရှိနားလည်အောင် ပြသခဲ့ပါသည်။

၄၀:၁၁ အပိုဒ်ငယ် ၁၁-၁၇ က ကားတိုင်သို့ နောက်တခါပြန်ပို့ပါသည်။ သခင်ယေရှု၏စိတ်ပျက် အားငယ်သံကြားရသည်။ အကူအညီခေါ်သံပဲ့တင်ထပ်သည်။ အပိုဒ်ငယ် ၁၀နှင့်လည်း ဆက်စပ်နေသည်။ မည်သို့ ဆက်စပ်ပါသနည်း။ “ကိုယ်တော်၏လူများကို ကယ်တင်ခြင်း၊ သစ္စာတော်နှင့် ချစ်ခြင်းမေတ္တာများအကြောင်း ဟောပြောခဲ့ပြီး”ဟု ဆိုသည်။ ထိုသူများကို သက်သေခံကြသည်။ ရပ်တန့်ခြင်းမရှိဘဲ ကရုဏာတော်နှင့် သစ္စာတော်သည် အစဉ်စောင်မပါစေသားဟု ဆက်စပ်ဆိုထားပါသည်။

၄၀:၁၂ အရေးပေါ် တောင်းဆိုလျှောက်လဲချက်ဖြစ်သည်။ ကရာနီတောင်ကုန်းပေါ်က ဝန်ထုပ်ဝန်ပိုးများ သည် အထံတော်သို့ ဖိစီးနေကြပြီ။ ထိုဒုစရိုက်တောင်ပုံယာပုံသည် အပြစ်များနှင့် ဆက်စပ်ပတ်သက်သည်။ “များစွာသော ဘေးဥပဒ်”ဟု ဆိုသောအခါ လူတို့၏အပြစ်များကို ရည်ညွှန်းသည်။ လူတို့၏ထိုအပြစ်ထုပ်ကြီးကို ကိုယ်တော်ထမ်းရွက်သည်။ အပြစ်ထုပ်၏အပြစ်ဒဏ်ခံယူရမည်။ အပြစ်ဒဏ်ခံယူရဘို့ စိတ်နှလုံးပင်ပန်းနေပြီ။ လူသားများအဖြစ် ဖြေလွှတ်ဖို့ ရန်ထိုမျှငြင်းဆန်သော ဝေဒနာကို ကိုယ်တော်ခံစားနေပြီ။

၄၀:၁၃  စိတ်နှလုံးပူပန်သောကြောင့် ကောင်းကင်တံခါးဖွင့်လှစ်ရရန် ကိုယ်တော်ဆုတောင်းသည်။ ယခုချက်ချင်း ကယ်တော်မူပါဟု ဆုတောင်းပေမည်။ နေရာတိုင်းမှာ ရှိတော်မူသောဘုရားရှင်က အပြောမဟုတ်။ အလုပ်ဖြင့် သက်သေထူသည်။

၄၀:၁၄၁၅ အန္တရာယ်ပြုနေကြသော ရန်စွယ်အပေါင်းတို့ကို ချေမှုန်းပေးဖို့ ဘုရားရှင်ထံသို့ ဆုတောင်း သည်။ ရန်သူများ၏ ကြံစည်ချက်၊ ကြိုးပမ်းမှုများ ပျက်ပြားပါစေ၊ အရှက်တကွဲအကျိုးနည်းကြပါစေသော။ ပိုးလိုးပက်လက် ပိုးစိုးပက်စက်ပျက်စီးကြပါစေ။ ဤကျမ်းစကားကို အချို့ဓမ္မပညာရှင်များက ဘုရားသခင်၏ မေတ္တာတော်နှင့် မအပ်စပ်ဟုဆိုကြသည်။ မေတ္တာကင်းမဲ့ခြင်းကို မဖော်ညွန်းလို။ လောကလူသားများ၏ မိမိတို့ ကံစီမံရာတိုင်း အပြစ်ဒဏ်ခံစားကြသည့်အကြောင်း ဖြစ်သည်။

၄၀:၁၆ ဘုရားသခင်၏မိတ်ဆွေများမှာ ခရစ်တော် ရှာဖွေပေးသည့်အတိုင်း ဘုရားသခင်ထဲတွင် ပျော်ရွှင် ချမ်းမြေ့ကြသည်။ ကိုယ်တော်ကို ရှာဖွေသောသူသည် ကိုယ်တော်၌ ဝမ်းမြောက်သည်။ ကယ်တင်ခြင်းကျေးဇူးကို နှစ်သက်တန်ဘိုးထားသူများသည် ဘုရားသခင်အား ဘုန်းကြီးပါစေဟု အစဉ်မပြတ်ချီးမွမ်းကြသည်။

၄၀:၁၇ ကိုယ်တော်သည် ခွန်အားပမာဏ ကြီးမားတော်မူသည့်အတိုင်း အမှုကြီးငယ်မရွေး ပြင်ဆင် ပေးနိုင်သည်။ လိုလေသေးမရှိ ဖြည့်ဆည်းပေးနိုင်သည်။ ငြိမ်သက်ချမ်းသာယာပေးနိုင်သည်။ ဆရာကြီးတပါးကမူ “ဘုရားသခင်၏ အကြံအစည်တော်ထဲတွင် ဆင်းရဲမွဲတေခြင်းနှင့် ငတ်မွတ်ခြင်း အလျဉ်းမရှိ”ဟု ဆိုသည်။

ဘုရားရှင်ကိုယ်တိုင်က သားတော်အားကူညီသည်။ ရွေးနှုတ်သည်။ ထိုအကြောင်းကို သားတော်ကလည်း သိရှိသည်။ သို့ကြောင့်လည်း ဆိုင်းလင့်တော်မူပါနှင့်၊ အချိန်မဆွဲနှင့်ဟုဆိုသည်။ အဖြေစကားမပြောပါ။ တတိယ မြောက်နံနက်တွင် ဘုရားရှင်က သင်္ချိုင်းတံခါးဖွင့်ပေးကြောင်း ဆာလံကျမ်းပထမပိုင်းမှာ တွေ့ခဲ့ကြပြီ။

ဤဆာလံကျမ်းတွင် ဆုတောင်းချက်များကို ဘုရားသခင်က အဖြေပေးပုံတွေ့ရသည်။ ထိုသို့ အဖြေပေးသည့်အကြောင်းကို ဟေရှာ ၆၅:၂၄ တွင် “ငါသည် သူတို့မခေါ်မီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် နားထောင်မည်”ဟု ဆိုထားပါသည်။

Previous Article
Next Article