ယေဇကျေလအနာဂတ္တိကျမ်း ၂

() ဣသရေလလူမျိုးသို့ ပရောဖက်ပြုရန် ခန့်အပ်ခြင်း (:၂၈:၂၁)

() လူများ၏အကျင့်လက္ခဏာ ပုန်ကန်ခြင်း (:၂၈:)

ယေဇကျေလသည် ပြပ်ဝပ်နေစဉ် ဝိညာဉ်တော်က သူ့ထဲဝင်၍ မတ်တပ်ရပ်စေသည် ထိုနောက် ပုန်ကန်၍ ထောင်လွှားသော ယုဒအမျိုးသို့ ပရောဖက်ပြုရန်စေလွှတ်သည်။ ယေဇကျေလအား ကြောက်ရွံ့စိတ်ကင်း၍ ယုံကြည််စိတ်ချစွာနာခံရန်မှာကြားသည်။

ဘုရားသခင်က ယေဇကျေလကို “အချင်းလူသား”ဟုခေါ်သည်။ ဤဝေါဟာရကို ယေဇကျေကျမ်းတွင် ၉၉−ကြိမ်တိတိ သုံးထားသဖြင့် အရေးကြီးသည်။ ထူးခြားလေးနက်သည်။ ထိုအချက်ကို Taylor ဤသို့ရှင်းပြထားသည်။

အချင်းလူသားဆိုသည့်စကားကို ယေဇကျေလအား ကြီးမြတ်ခန့်ငြားသောရူပါရုံကို ပြသစဉ် ဦးဆုံးသုံးနှုန်းခဲ့သည်။လူသားဟူသောဝေါဟာရသည် ဟေဗြဲဘာသာ၌ အထူးအသုံးအနှုန်း ဖြစ်သည်။ ၎င်းစကားအားဖြင့် ယေဇကျေလကို လူသားဇာတိ၌ သာရှိနေကြောင်း မိမိအဆင့်အနေအထားအား သတိရစေသည်။သားဆိုရာတွင် ဇာတိသဘောပါသည်။အာဒမ်သို့မဟုတ်လူဟူသောစကားနှင့်တွဲလျှင် သာမန်လူထက် ပိုမိုထူးခြားလေးနက်မှု မရှိပါ။ ဗဟုကိန်းမှာလူသားများဖြစ်သည်။

ဒံယေလခေတ် (၇:၁၃−၁၄)တွင် ဤဝေါဟာရကို မေရှိယသခင်နှင့်ဆက်စပ်၍ စတင်သုံးစွဲသည်။ အေဒီ ၁−ရာစုနှစ်သို့ရောက်သော် မေရှိယသခင်အား လုံးလုံးရည်ညွှန်းသော အသုံးအနှုန်း ဖြစ်လာသည်။

သခင်ယေရှုက ဤစကားလုံးကို ရွေးချယ်သုံးစွဲခြင်းမှာ ဒွိဟအကျိုးဆက် ထွက်ပေါ်စေလို၍ ဖြစ်သည်။ ထိုသို့ သုံးစွဲခြင်းဖြင့် ကိုယ်ကိုကိုယ် မေရှိယအဖြစ်ကျေညာသည်ဟု ဂျူးယဇ်ပုရောဟိတ်တို့က စွတ်စွဲခြင်းမှ ရှောင်လွဲနိုင်သည်။ ထို့ပြင် သခင်ယေရှု၏ ဇာတိတော်ပုဂ္ဂိုလ်ဖြစ်ခြင်းကို ဝိညာဉ်ရေးထိုးထွင်း သိမြင်နိုင်သူများအားလည်း ပိတ်ဆို့ငြင်းပယ်ခြင်း မရှိတော့ပေ။

() သတင်းစကား၏ သဘာဝ စာလိပ်ကဖွင့်ပြသော တရားစီရင်ခြင်း (::)

          :၁၀ လူမျိုးတော်အား တရားစီရင်မည့်အကြောင်း၊ ဝမ်းနည်းဖွယ်ရာမင်္ဂလာသတင်းစကား ရေးသားထားသည့် စာလိပ်ကို ယေဇကျေလအား စားခိုင်းသည်။

သူ၏ အမှုတော်ဆောင်ခြင်းမှာ လူကြိုက်များသော အလုပ်မဟုတ်ကြောင်း ကြိုတင်သတိပေးသည်။ ၎င်းမှာ စစ်မှန်သော ဧဝံဂေလိဟောပြောခြင်းသည် သူတို့အား ထိုးနှက်ခြင်းအဖြစ် ကယ်တင်ခြင်းမရသေးသောသူများက မှတ်ယူနိုင်ကြောင်း ကျွန်ုပ်တို့ကို သတိပေးချက်လည်း ဖြစ်သည်။ သို့သော် အချို့သူများအဖို့မူ ကျွန်ုပ်တို့သည် ကယ်တင်ရှင်များ ဖြစ်ကြသည်။

Previous Article
Next Article