ယေရမိအနာဂတ္တိကျမ်း ၇

() ဗိမာန်တော်တံခါးတွင် ယေရမိအမှုတော် (အခန်း၇၁၀)

          () ဘာသာရေးဘဝမြင့်သောယုဒများ(အခန်း၇)

၇:၁-၄ အခန်း(၇) ကို “ရှောလမုန်၏ဗိမာန်တော် “”ဟု တင်စားခေါ်ဝေါ်ကြသည်။ မည်သောအခါမှ ဘုရားသခင်က ဗိမာန်တော် ပျက်စီးခွင့်ပြုမည်။ မဟုတ်သောကြောင့် ယုဒလူမျိုးက ဘဝလုံခြုံပြီဟု ခံယူကြသည်။  ထိုအယူအဆမှားပါသည်။  ဘုရားသခင်ကို ယုံကြည် ကိုးစားရမည့်အစား  ဗိမာန်တော်ကို အားကိုးခြင်းသည် မှားယွင်း ပါသည်။

:၁၅ စစ်မှန်သောဘဝလုံခြုံရေးမှာ အပြစ်ဒစရိုက်များကို စွန့်လွှတ်၍ ဘုရားသခင်၌ ဖြောင့်မတ်စွာအသက်ရှည်ခြင်း၌ တည်မှီ ပါသည်။ ဗိမာန်တော်သို့ ရောက်ရှိ ဘုရားရှိခိုးခြင်းဖြင့် မပြစ်ဒုစရိုက်နှင့် ကင်းစင်သည်။  ကယ်နှုတ်ခြင်းခံကြပြီ ဟု ယူဆကြသည်။ ဗိမာန်တော် အား သန့်ရှင်းစင်ကြယ်စဉ် သခင်ဘုရားကိုယ်တော်တိုင် ဤအခန်းငယ်(၁၁)မှယေရမိ၏”စကားသူခိုးဓါးပြများခိုအောင်းရာနေ ရာ” (မ၂၁:၁၃၊ မာ၁၁:၁၇၊ လု၁၉:၂၆) ကို ကိုးကားသုံးထားသည်။ အဘယ်ကြောင့် ဆိုသော် ယုဒလူများသည် ဗိမာန်တော်အား ညစ်နွမ်းစေသည်။ ရှိလောရွာ၌သန့်ရှင်းစင်ကြယ်ခြင်းပြုခဲ့ပုံကိုသင်ခန်းစာယူကြလော့။ (ရှိလော့ ရွာပျက်စီးခြင်းသည် တရားသူကြီးခေတ် သို့မဟုတ် ပထမဓမ္မရာဇဝင်စာ စောင်ကျမ်းမှ အဖြစ်အပျက်ဖြစ်ဟန်တူသည်)။

          :၁၆၂၆ ကောင်းကင်နတ်သမီးနှင့် လမ်းဘေးဝဲယာရှိ စေတီပုထိုးဘုရားရုပ်ထုများ ကိုးကွယ်ကြသော ယုဒလူမျိုးအတွက် ယေရမိဆုမတောင်းပေးနိုင်ပါ။ ယုဒလူများသည် ထိုရုပ်တုဆင်းတု နတ်ဘုရားများသို့ ပူဇော်သော ခေါ်စာများကိုလည်း စားသုံးကြသည်။ ဘုရားသခင်သည် ရိုးရာထုံးတမ်းအစဉ်အလာ ကိုးကွယ်ခြင်းကို ခွင့်မပြု၊ နှုတ်ကပတ်တော် နာခံခြင်းကိုသာ အားပေးသည်။ အပိုဒ်ငယ် ၂၂နှင့် ၂၃ကို ဆက်စပ်ဖတ်ရှုပါ။ လုပ်ဆောင် ချက်မပါသောပူဇော်ကိုးကွယ်ခြင်းသည်အကျိုးသက်ရောက်မှုမရှိ။

          :၂၇၃၄ ပရောဖက်ယေရမိသည် ယုဒများ၏ ပြုမူပုံအတွက်ဆု မတောင်းပေးသော်လည်း အယူမှားပြုပြင်ရန် ငြင်းပယ်ချက်အား လက်မခံကြသောကြောင့် ဝမ်းနည်းသည်။ ယုဒများသည် ဗိမာန်တော်ကို လူ့အရေးအရာများဖြင့် ရှုပ်ထွေးညစ်ပတ်စေကြသည်။ ကြောက်လန့်ဖွယ်ရာလူ့အသက် သတ်ရာဌာန ဖြစ်စေကြသည်။ သို့ကြောင့် ယုဒပြည်သည် လူခြေတိတ်သော တစပြင်သုဿန်မြေဖြစ်မည်။

Previous Article
Next Article