ဝတ်ပြုရာကျမ်း ၂၄

၉။ ဝတ်ပြုကိုးကွယ်ခြင်းနည်းနာနှင့်အကျင့်စရိုက်ဆိုင်ရာပြဌာန်းချက် (အခန်း ၂၄)

အခန်း ၂၃ သည် နှစ်စဉ်ကျင်းပရသောပွဲတော်များအကြောင်းဖြစ်သည်။ ဤအခန်းသည် ဘုရားသခင်ရှေ့တော်၌ နေ့စဉ်၊ အပတ်စဉ် လုပ်ဆောင်ရမည့်အချက်များဖြစ်သည်။

၂၄:၁-၉ ပရိတသတ်စည်းဝေးရာတဲတော်ကုလားကာအပြင်ဘက်ရှိ မီးခုံ၌ အစဉ်မပြတ်မီးထွန်းရန် သံလွင်ဆီစစ်စစ် ယူဆောင်လာရမည်။ မုန့်များကို ဥပုသ်နေ့တိုင်းပြင်ဆင်ရသည်။ အပိုဒ်ငယ်(၇)ပါရှိသည့် မွှေးနံ့သာသည် ဘုရားသခင်နှင့်သက်ဆိုင်သည်။ မုန့်လဲလှယ်သောအခါ မုန့်အဟောင်းသည် ယဇ်ပုရောဟိတ်များအတွက်ဖြစ်သည်။

၂၄:၁၀၂၃ အဲဂုတ္တုဖခင်နှင့် ဣသရေလမိခင်မှ မွေးဖွားသောသားတစ်ယောက်သည် ဘုရားသခင်၏နာမတော်ကို ကျိန်ဆဲသောကြောင့် တပ်ပြင်သို့ဆွဲထုတ်၍ ခဲဖြင့်ဝိုင်းပေါက်သတ်ကြသည် (ငယ် ၁၀-၁၆၊၂၃)။ ဤအဖြစ်အပျက်က ဘုရားသခင်၏နာမတော် ကျိန်ဆဲသူတိုင်း ဥပဒေတစ်ခုတည်းသာ ရှိကြောင်း ပြသသည်။ တပ်တွင်း၌ နေသူဖြစ်စေ၊ တပ်ပြင်၌နေသူဖြစ်စေ၊ ဥပဒေအတူတူဖြစ်သည်။ ယုဒ စစ်စစ်ကိုလည်း မျက်နှာသာမပေး ယုဒသွေးပါသူကိုလည်း မျက်နှာမလိုက်(ငယ်၂၂)။ လူ့အသက်သတ် သူသည် သေစားသေခံစေရမည် (ငယ် ၁၄၊၁၆၊၁၇၊၂၃)။ (အပိုဒ်ငယ် ၁၆သည် ယုဒတို့၏ “ဤသူသည် ဘုရားသခင်၏သားတော်ဖြစ် ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ ရှိသောဓမ္မသတ်အတိုင်း သေထိုက်ပါသည်” (ယော၁၉:၇)ဟူသော ကျမ်းပိုဒ်နှင့် ဆန့်ကျင်သည်)။ ထိုသူများသည် ခရစ်တော်ကို ဘုရားရှင်အဖြစ် အသိအမှတ်မပြုခဲ့ကြ။ ဤကျမ်းချက်တွင်မူ အခြားပြစ်မှုများနှင့် နှီးနွယ်ပတ်သက်သည် (ငယ်၁၈၊၂၁)။ ထိုအဖြစ်အပျက်များကို ဤသို့ ရှုမြင်နိုင်သည်။

ဝဋ်လည်ခြင်းသည် တရားတော်၏ နိယာမဖြစ်သည်။ အမှားများက နေရာရလာကြသည်။ နူးညံ့သိမ်မွေ့ခြင်းက ဘေးဖယ်ခြင်းခံရသည်။ ယနေ့အနောက်နိုင်ငံ လူ့အဖွဲ့အစည်းမှာ လက်တုန့်ပြန်ခြင်း ရှုတ်ချကြသော်လည်း  မပပျောက်သေး။ (က) ရှေးလူ့အဖွဲ့အစည်းတွင် မှားယွင်းမှုများသည်မကြာခဏ အပြစ်ဒဏ်သင့်ကြသည်။ လက်တုန့်ပြန်ခြင်းသည် တန်ဖိုးချင်းမျှတသော တရားမျှတမှု ဖြစ်ခဲ့သည်။ ()နောင်ကာလတွင်မူ အစားထိုး အပြစ်ဒဏ်ပေးကြသည်။ ထိုသို့ အစားထိုးအပြစ်ဒဏ်ပေးခြင်းသည် တန်ရာတန်ကြေးဖြစ်သည်။ တရားမျှတသည်ဟု မည်သူဆုံးဖြတ်ခဲ့သနည်း။ ယနေ့ခေတ်ကာလတွင် ထိုသို့ရွေ့လျော့နေလျှင် နောင်ကာလတွင် မည်သည့်အဆင့်တိုင်အောင် ရွေ့လျော့သွားမည်နည်း။  တကယ်စစ်မှန်သော တရားမျှတမှုသည် မျက်လုံးအစားမျက်လုံး သွားအစားသွားမဟုတ်ပါလား။ (daily Notes of the Scripture Union)

အပိုဒ်ငယ် ၁-၉ သည် ဘုရားသခင်က ဣသရေလလူမျိုးအတွက် ရည်ရွယ်သည်။ အပိုဒ်ငယ် ၁၀-၁၆ တွင် ပါရှိသည့် ကျိန်ဆဲသူသည် ဣသရေလအမျိုးဖြစ်လာသည်။ ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြသည်။ (“သူ (ခရစ်တော်)၏ အသွေးသည် ငါတို့ သားသမီးများအပေါ်တွင် ကျရောက်ပါစေ” ဟု ဆိုခဲ့ကြသည်)။

Previous Article
Next Article