သုတ္တံကျမ်း ၂၆

၂၆: နွေရာသီနှင့်ဆီးနှင်း၊ စပါးရိတ်သိမ်းချိန်နှင့်မိုးရေ မအပ်စပ်။ ထိုကဲ့သို့ပင် လူမိုက်များသည်လည်း ချီးမွမ်းခြင်းမထိုက်။ အဘယ်ကြောင့်ဆိုသော် စိတ်သဘောထားအရဖြစ်စေ၊ ကိုယ်ကျင့်တရားအရဖြစ်စေ လူရာဝင်သူများမဟုတ်။ လူမိုက်ချီးမွမ်းခြင်းသည် အရူးဘုံမြောက်ခြင်း ဖြစ်သည်။

၂၆: ဇရက်နှင့်စာကလေးများသည် လေထဲမှာ ပျံသန်းကြသော်လည်း အကြောင်းမရှိဘဲ၊ သင့်ထံသို့ မရောက်လာနိုင်။ ထိုကဲ့သို့ပင် အကျိုးအကြောင်းတစုံတရာ ပတ်သက်မှုမရှိဘဲ၊ ကျိန်ဆဲစရာအကြောင်းမရှိ။ သို့သော် ကျိန်ခံမထိုက်လျှင် ကျိန်စာမသင့်နိုင်။ ဗာလမ်သည် ဣသရေလလူမျိုးကို ကြိမ်ဆဲဖို့ အခေါက်ခေါက်အခါခါ ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ (တော ၂၃:၈၊ တရား ၂၃:၅)။

၂၆: နွားအတွင်နှင်တံ၊ မြင်းအတွက်ဇက်ကြိုး လိုအပ်သကဲ့သို့ လူမိုက်အား ကြိုးကိုင်နိုင်ဖို့ ကြိမ်လုံးလိုသည်။ “ဉာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်စေနှင့်။ သူသည် သင့်ထံသို့  မချဉ်းကပ်သောကြောင့်၊ ပါးစက်ကို ဇက်ခွံ့၍၊ ဇက်ကြိုးနှင့်ဆွဲရမည်” (ဆာ ၃၂:၉)။

၂၆: ဤကျမ်းပိုဒ်နှစ်ခုသည် တခုနှင့်တခု ဆန့်ကျင်နေသည်။ ပထမကျမ်းပိုဒ်တွင် လူမိုက်စကားကိုမချေပနှင့်ဟု ဆိုသည်။ ဒုတိယကျမ်းပိုဒ်တွင် ချေဖျက်ပါဟုဆိုသည်။ မည်သို့နားလည်ရမည်နည်း။ ဒုတိယကျမ်းပိုဒ်သည် သီးသန့်အဓိပ္ပါယ်ရှိသည်။

လူမိုက်ကိုမချေပနှင့်ဆိုခြင်းမှာ လူမိုက်ကို အဖက်မလုပ်နှင့်။ လူမိုက်စကားကို တုံ့ပြန်လျှင် တန်းတူရည်တူ ဖြစ်သွားမည်။ ဒေါသမထွက်နှင့်။ ကြမ်းတမ်းစွာမပြောနှင့်။ ဆင်ခြင်တုံတရားနှင့် ကင်းလွှတ်၍ လျှောက်မပြောနှင့်ဟု အဓိပ္ပါယ်ရသည်။

ဒုတိယပိုဒ်တွင်မူ လူမိုက်စကားကို လွှတ်မထားနှင့်။ ချေဖျက်ပါဟုဆိုသည်။ ဆိုလိုသည်မှာ အသိဉာဏ်ပညာတိမ်သော လူမိုက်ကိုလွှတ်ထားလျှင် အမှန်သိတော့မည်မဟုတ်။ မိမိကိုယ်ကို မှားမှန်းလည်းမသိ၊ အခြားသူများကိုလည်း ထပ်မထိပါးနိုင်သည်။ ဘေးမဲ့ပေးထားလျှင် အမှန်တရားသိတော့မည်မဟုတ်။

၂၆: လူမိုက်ကို သတင်းစကားပြောခိုင်းခြင်းသည် မိမိလည်ပင်းကို ကြိုးကွင်းစွပ်ခြင်းနှင့်တူသည်။ မိမိခြေလက်ကို ဖြတ်တောက်ခြင်း၊ အဆိပ်သောက်ခြင်းနှင့်တူသည်။ လူမိုက်သည် သတင်းစကားကို တန်ဖိုးထားတတ်သူ၊ သစ္စာရှိသူမဟုတ်။ မိမိကို အရှက်ကွဲအောင်လုပ်သူ ဖြစ်သည်။ ခြေလက်ဖြတ်တောက်ခြင်းဆိုသည်မှာ ကူဖော်လောင်ဖက်မရှိအောင် ပြုလုပ်ခြင်း ဖြစ်သည်။

၂၆: ခြေဆွံ့သောသူ၏ခြေထောက်သည် မြဲမြံစွာမရပ်တည်နိုင်ပါ။ ထိုကဲ့သို့ပင် လူမိုက်အား သုတ္တံစကားပြောခြင်းသည် အချည်းအနှီးဖြစ်သည်။ အကျိုးမသက်ရောက်နိုင်။ အဘယ်ကြောင့်ဆိုသော် သုံးမည့်အချိန်နေရာမသိ။ အသုံးမပြုတတ်။ မည်သို့သုံးရကောင်းမှန်းမသိ။

၂၆:  ကျောက်ပုံပေါ်သို့ ကျောက်ခဲတလုံး ထပ်မံပစ်ချခြင်းဖြင့် ထူးခြားလာမည်မဟုတ်။ အကြောင်းမဲ့ဖြစ်သည်။ လူမိုက်ကို ချီးမွမ်းခြင်းသည်လည်း ထိုအတိုင်းဖြစ်သည်။ ဘာမှထူးခြားမလာ။

နောက်တမျိုးအဓိပ္ပါယ်မှာ ကျောက်ခဲကို လောက်စားလွဲမှ ပစ်လွှတ်ရသည်။ မပစ်လွှတ်ဘဲ လောက်လွှဲမှာရှိနေသရွေ့ အဓိပ္ပါယ်မရှိ။ လူမိုက်သည် ချီးမွမ်းသော်လည်း မထူးခြား။ မိုက်မဲမိုက်နေသည်။

၂၆:  အမူးသမား၏ လက်ဆူးစူးလျှင် နာကျင်စွာ အော်ဟစ်လေ့ရှိသည်။ မူးသော်လည်း စူးမှန်း၊နာမှန်းသိသည်။ ထိုကဲ့သို့ပင် လူမိုက်နှုတ်ဖျားတွင် သုတ္တံစကား ခဏခဏရွတ်ဆိုသော်လည်း လေထဲတွင် ကုန်သွားသည်။ မဟုတ်မမှန် တလွဲသုံးသည်။ အခြားသူများကိုလည်း တလွဲအဓိပ္ပါယ် ဖော်ပေးသည်။

၂၆:၁၀ ဤကျမ်းပိုဒ်ကို ဟေဗြဲကျမ်းမူတွင် အဓိပ္ပါယ်မထင်ရှား။ ငုပ်နေသည်။ ထို့ကြောင့် ကျမ်းမူအသီးသီး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လေ့လာကြည့်ကြပါစို့။

အလုပ်ကြိုးစား ဇောက်ချလုပ်သူသည် ရသမျှကို ငှားရမ်းသည်။ လူမိုက်လူကောင်းမကျန် အကုန်ငှားသည်” ( JND )

အရူးနှင့်အမူးများကိုပါမကျန် ငှါးရမ်းသူသည် အလုပ်သမားတိုင်းအား ပင်ပန်းနွမ်းနယ် ဒဏ်ရာရစေသည်” (RSV)

တရားဥပဒေက ရန်ဖြစ်ခြင်းကို အဆုံးသတ်စေသည်။ လူမိုက်ပြောစရာမရှိသောအခါ ကမ္ဘာရန်လည်း အေးသွားသည်”(Knox)

သခင်သည် အရာခပ်သိမ်းလုပ်ဆောင်နိုင်သော်လည်း လူမိုက်ငှါးရမ်းသောအခါ ရှုတ်ရှက်ခပ်ကုန်သည်” (NASB)

လူမိုက်ကို ငှါးရမ်းအလုပ်ခန့်သူသည် လူတိုင်းကို ဆင်းရဲဒုက္ခပေးသူ ဖြစ်သည်”(TEV)

အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောဘုရားသခင်သည် လူမိုက်များကို ငှါးရမ်းသူများအား လောကဓမ္မတာနှင့်အညီ အကျိုးယုတ်စေသည်(NKJV)

မည်သည့်ဘာသာပြန်ချက်က အမှန်ကန်ဆုံးဖြစ်သည်ဟု ဝေခွဲမရနိုင်ပါ။

၂၆:၁၁ မိမိအန်ဖတ်ကိုပြန်စားသော ခွေးမရှိပါ။ သို့သော် လူမိုက်သည် မိမိမိုက်မှားမှုကို တကြိမ်တည်းနှင့် နောင်တမရ။ ထပ်မံကျူးလွန်သဖြင့် အန်ဖတ်စားသော ခွေးထက် မိုက်သည်။ မိမိကိုယ်ကို အပြစ်သားမှန်းသိသော်လည်း မိမိဘဝပြန်လည်တည်ဆောက်ခြင်းမရှိ။ အသစ်တဖန် မွေးဖွားခြင်းမရှိသူအား ဆုံးမရာတွင် ဤကျမ်းပိုဒ်ကို ၂ပေ ၂:၂၂ တွင် တဖန်သုံးထားသည်။ သိလျက်နှင့် လမ်းဟောင်းလိုက်သူများ ဖြစ်သည်။

၂၆:၁၂ လူမိုက်သည် ပညာရှိယောင်ဆောင်သူထက် မျှော်လင့်စရာရှိသေးသည်။ အချို့သည် မိမိကိုယ်ကို ဘာမှသိသူမဟုတ်မှန်း မသိကြ။ တတ်ယောင်ကားလုပ်တတ်ကြသည်။ ထိုသူများသည် လမ်းမှန်သို့ ပြုပြင်ပို့ဆောင်ပေးရန် ဖြစ်နိုင်ချေနည်းသည်။ မသိနားမလည်သော လူမိုက်ဉာဏ်တိမ်သူကို ကြိမ်လုံးဖြင့် ပဲ့ပြင်ဆုံးမလျှင် လမ်းမှန်သိနိုင်သည်။ သို့သော် တတ်ယောက်ကား၊ ပညာရှိဟန်ဆောင်သူမှာ သူများပဲ့ပြင်ဆုံးမခြင်းကို လက်မခံသဖြင့် မလိမ္မာနိုင်။

၂၆:၁၃၁၆ လူပျင်းအကြောင်း ပြန်လည်သတိပေးထားသည်။ လူပျင်းသည် သွားလေရာမှာ ခြင်္သေ့နှင့် တွေ့တတ်သည်။ တံခါးပတ္တာလည်သကဲ့သို့ အိပ်ယာထဲတွင် လူးလှိမ့်ခွေနွမ်းလေ့ရှိသည်။ မှောက်လိုက်၊ လှန်လိုက် လူးလှိမ့်လိုက် အကြံထုတ်နေသော်လည်း လက်တွေ့အလုပ်မလုပ်။ ထမင်းစားပွဲပေါ်ထိုင်လျှင်လည်း စားပွဲပေါ်တွင် တတောင်ဆစ်ထောက်၍ ထမင်းလုတ်ကို မနိုင်တနိုင် ပါးစပ်ထဲသို့ ထည့်သည်။ သူ့လက်နှင့် ပါးစပ်လည်း အလွန်အလှမ်းဝေးကွာသည်။ မြိန်ရှက်စွာ စားသုံးနိုင်ရန် ခွန်အားမစွမ်း။ ဆင်ခြေဆင်လက်ပေးရာတွင် လူလိမ္မာ()ယောက်ထက် သာသည်။ လူပျင်း၏စိတ်ဓါတ်ကို ပြုပြင်ပြောင်းလဲပေးရန်မလွယ်။

၂၆း၁၇ လမ်းသွားစဉ်တွင်၎င်း၊ လုပ်ငန်းခွင်တွင်၎င်း လူတတ်ကြီးလုပ်၍၊ မိမိနှင့်မဆိုင်သော ကိစ္စများတွင် ပါဝင်စွက်ဖက်သူသည် ဒုက္ခရောက်တတ်သည်။ အိပ်ပျော်နေသော ခွေးနားရွက်ဆွဲခြင်းနှင့် တူသည်။ မနိုင်ဘဲနှင့် ပဲဟင်းမစားနှင့်။ မရဲဘဲနှင့် ကျွဲပြဲမစီးနှင့်။

၂၆:၁၈၁၉ မိမိအိမ်နီးနားချင်းကို လှည့်စားလျက် ကျီစားနောက်ပြောင်သည်ဟု ပြောသူသည် မီးစ၊ မီးကွင်းများကို ပစ်ကစားသောအရူးသည်ဖြစ်သည်။ လစ်လျှင်ခိုးသည်၊ မိလျှင် ကျီစားသည်ဆိုသူများ ဖြစ်သည်။ လူသတ်တမ်းကစားသူ ဖြစ်သည်။ ဤသုတ္တံစကားကို ကြုံတောင့်ကြုံခဲသော်လည်း လူမိုက်လောကတွင် အမှန်တကယ်ရှိသည်။

၂၆:၂၀၂၁ မီးလောင်ဖို့ လောင်စာလိုသကဲ့သို့ အတင်းအဖျင်းကုန်းချောခြင်းက ရန်ပွဲဖြစ်စေသည်။ လောင်စာကုန်သွားလျှင် မီးငြိမ်းသွားသကဲ့သို့ အတင်းအဖျင်းမရှိလျှင်လည်း ရန်ပွဲငြိမ်းလေ့ရှိသည်။

လွန်ခဲ့သောနှစ်ကာလများတွင် ထိုအဖြစ်အပျက်များ Atlanta Journal ၌ တွေ့ရသည်။

ငါသည် ဟောင်ဝစ်ဇာအမြောက်ဆံထက် အစွမ်းထက်ပေ၏။ တယောက်မှမသေဘဲ အနိုင်ယူသည်။ အိမ်များကို ဖျက်ဆီးပစ်၊ စိတ်နှလုံးကို ချိုးဖဲ့လျှက်၊ လူ့ဘဝများကို ဖျက်ဆီးပစ်သည်။ အတောင်ပံများဖြင့် လေဟုန်စီးသွားသည်။ ငါ့အတွက်မဖြစ်နိုင်သောအရာဟူ၍မရှိ။ အစစ်အမှန်များကလည်း ငါ့ကိုမပထုတ်နိုင်ကြပါ။ သမ္မာတရားအကြောင်းပြောစရာမရှိ။ တရားမျှတမှုကို လေးစားရာမလို။ ဆင်းရဲ့ချို့တဲ့သူများကို သနားညှာတာစရာမလို။ ငါ့အတွက်ကြောင့် ဒုက္ခရောက်သူပင်လယ်သဲသောင်သမျှများပြားသည်။ ဘယ်သောအခါမှမမေ့နိုင်။ ဘယ်သောအခါမှ ခွင့်မလွှတ်နိုင်။ ငါ့နာမည်အတင်းအဖျင်း၊ ကောလဟာလ ဖြစ်သည်။၄၀

၂၆:၂၂ ဤကျမ်းပိုဒ်က ၁၈:၈ ကို ထပ်မံသတိပေးထားသည်။ လူများ၏ မကောင်းသောအကျင့် အတင်းအဖျင်းပြောခြင်းကို ထပ်မံသတိပေးသည်။ သူများမကောင်းကြောင်း မပြောအပ်သကဲ့သို့ ထိုစကားများကိုလည်း နားမထောင်နှင့်။

၂၆:၂၃၂၆ မရိုးသားသူ၏စကားသည် မြေအိုးကိုသုတ်လိမ်းထားသည့်စဉ်ကဲ့သို့ ဖြစ်သည်။ သူ၏စိတ်နှလုံးကို ဖုံးအုပ်ထားသည်။ အပေါ်ယံသုတ်လိမ်းထားသောစဉ့်ရည်သည် အရောင်တောက်ပြောင် လှပသော်လည်း အောက်ခံအိုးမှာမူ မြေကြီးရွှံ့စေးဖြစ်သည်။ ချစ်ဟန်ဆောင်သောစကားသည်လည်း ထိုအတိုင်းဖြစ်သည်။ ပေါ်ယံရွှေမှုန့်ကြဲထားသော်လည်း စိတ်နှလုံးမှာမူ မုန်းတီးစိတ်၊ နာကျင်စေလိုစိတ်၊ ပျက်စီးစေလိုသည့်စိတ်ရှိသည်။ သစ္စာဖောက် ယုဒရှကာရုတ်၏ မာယာအနမ်းမျိုး ဖြစ်သည်။

မနာလိုမုန်းတီးစိတ်ရှိသူသည် နားဝင်ချိုအောင် အပြောကောင်းသည်။ နှုတ်ဖျားမှ မြှောက်ပင့်ချီးမွမ်းဟန် ရှိသော်လည်း စိတ်နှလုံးမှာ မုန်းတီးစိတ်ရှိသည်။ ထို့ကြောင့် ချီးမွမ်းတိုင်းမယုံနှင့်။ ချီးမွမ်းခြေကျောက်စကားကိုလည်း သတိပြုပါ။ သူ့စိတ်တွင် အမုန်းတရားခုနှစ်ပါး ဖုံးကွယ်ထားသည်။ မုန်းတီးစိတ်မည်သို့ ဖုန်းကွယ်ဝှက်ထားစေကာမူ အပြောအဆို၊ အပြုအမူတွင် ဟန်ဆောင်မှုတချက်တချက် ပေါ်လာသည်ကို တွေ့ရမည်။

၂၆:၂၇ သူတပါးမကောင်းကြံစည်သူသည် ကိုယ့်ရှူးကိုယ်ပတ်တတ်သည်။ တခါက ပြင်သစ်စစ်ဦးကာလတွင် လူစီဆိုသူသည် ခွန်အားဗလထွားကျိုင်းသော ပစ်စလက်ခတ်နမော်နမဲ့ အလုပ်လုပ်တတ်သူများကို သံကြိုးခွေအား ဖြောင့်ခိုင်းသည်။ သံကြိုးကို ဖြောင့်တန်းအောင် မလုပ်နိုင်ကြသဖြင့် စိတ်ဆိုးဒေါသထွက်သည်။

နောက်အဖြစ်မှန်သိလာသည်။ သူကိုယ်တိုင်သစ္စာဖောက်မှုဖြင့် ထောင်ကျလာသောအခါ ထိုသံကြိုးများ ဖြောင့်တန်းရသည်။ သူလည်း ဖြောင့်တန်းအောင် မလုပ်နိုင်သောအခါ ဤသို့ ညီးတွားသည်။ “အစကတည်းက သိလိုက်လျှင် လူတွေကို အတင်းအဓမ္မ မလုပ်ခိုင်းပါဘူးဗျာ။ ပန်းဘဲဖိုတွင် ဖြောင့်ခိုင်းလိုက်ပါတယ်”ဟု ဆိုသည်။

၂၆:၂၈ မနာလိုမုန်းတီးစိတ်ရှိသူနှင့် မရိုးသားသူအကြောင်း ရှင်းပြထားသည်။ မုန်းတီးစိတ်ရှိသူသည် သူတပါးဆိုးကျိုးကို ကြံစည်၍၊ စိတ်သဘောထားမရိုးသားသူသည် မိမိဆိုးကျိုးဖန်တီးသူဖြစ်သည်။

Previous Article
Next Article