သုတ္တံကျမ်း ၂၇

၂၇: မနက်ဖြန်သည် မသေချာပါ။ ထို့ကြောင့်မည်သူမဆို  မနက်ဖြန်အရေးကို တွေးမျှော်လျက် မဝါကြွားရ။ လူမိုက်သူဌေးကဲ့သို့မလုပ်ရ (လု ၁၂:၁၆-၂၁)၊ (ယာ ၄:၁၃-၁၅ ကိုလည်းကြည့်ပါ)။

၂၇: မိမိကိုယ်ကို ပြန်လည်ချီးမွမ်းသူသည် မသူတော်ဖြစ်သည်။ ချီးမွမ်းထိုက်သူဖြစ်လျှင် ပတ်ဝန်းကျင်က ချီးမွမ်းလျှင်လည်း ချော်လဲရောထိုင်မလုပ်ရ။ “မိမိကိုယ်ရေးအတ္ထုပတ္တိပြောဖို့ သတိပြု” (Berkeley)။ မိမိသမီးချောကြောင်းမကြွားနှင့်။ တကယ်ချောလျှင် အရပ်ထဲကချီးမွမ်းလိမ့်မည်။

၂၇:  လူမိုက်အား သွေးထိုးလှုံ့ဆော်ခြင်း၊ စိတ်အားထက်သန်အောင်ပြုလုပ်ခြင်းသည် ခက်ခဲသည်။ ထို့ထက် လူမိုက်၏အမျက်ဒေါသသည် အသံပိုကျယ်သည်။ ကျောက်တုံးနှင့်သဲအိမ်များထက် အချိန်ပိုစီးသည်။

၂၇:  ဒေါသသည် ရက်စက်သည်။ မညှာမတာဖျက်ဆီးသည်။ ခဏတဖြုတ်တွင် တကမ္ဘာလုံးအား ဝုန်းဒိုင်းကြဲခိုင်းသည်။ သို့သော် ထို့ထက်ဆိုးသည်ကား မနာလိုငြူစူသောစိတ်ဖြစ်သည်။ တမြေ့မြေ့အံကြိတ်သည်။ ဥပမာအားဖြင့် လက်ထက်မင်္ဂလာပွဲမှာ မဆီမဆိုင် ဖျက်လိုဖျက်ဆီးလုပ်ခြင်းမျိုး ဖြစ်သည်။

၂၇:  သူတပါးအား ရိုးသားပွင့်လင်းစွာ ဆုံးမခြင်းသည် မပြောမဆိုရက်၊ အရိပ်တကြည့်ကြည့် ချစ်ခြင်းထက် ပိုကောင်းသည်။ အပြစ်ကိုမထောက်ကြ၊ မပြောရက်ဘဲ အလိုလိုက်ခြင်းသည် ချစ်ခြင်းမဟုတ်။ နှစ်ခြင်းဖြစ်သည်။ ထိုသို့မဆုံးမဘဲနေခြင်းဖြင့် အဖြစ်မှန်အသိမှန် ရောက်လာမည်မဟုတ်။

၂၇:  လူခပ်များများသည် အခြားသူများ၏အပြစ်ကို သဘောရိုးဖြင့်လည်းမထောက်ပြလိုကြပါ။ ပြန်လည်စိတ်ဆိုးမှာ စိုးရိမ်ကြသည်။ စိတ်ရင်းစေတနာသက်သက်ဖြင့် ထောက်ပြသူများသည် မိတ်ဆွေကောင်းများ ဖြစ်သည်။

မာယာလမ်းသည် ရန်သူဖြစ်သည် (RSV)

သခင်ယေရှုအား လာရောက်ဖမ်းဆီးသောလူအုပ်က အသေအချာမှတ်မိစေရန် ယုဒရှကာရုတ်က ဟန်ဆောင်အနမ်း နမ်းပြခဲ့သည်။ ချစ်ခြင်းမေတ္တာ၏ သင်္ကေတဖြစ်သောအနမ်းကို အနိမ့်ကျဆုံးသော ပြည့်တန်ဆာမအကျင့်သို့ ပြောင်းလဲပစ်ခဲ့သည်။

ရှကာရုတ်သည် သခင်ယေရှုထံသို့ချဉ်းကပ်ပြီး ‘သခင်’ဟုခေါ်ကာ၊ ဟန်ဆောင်အနမ်း ဖက်နမ်းခဲ့သည်။ နမ်းခြင်းသည် အဓိပ္ပါယ်(၂)မျိုးဖြင့် သုံးထားသည် (မ ၂၆:၄၈၊ ၄၉)။ အငယ် ၄၈ မှာ ပါရှိသည့်အနမ်းမှာ သာမန်လူ့ယဉ်ကျေးမှုအရ နမ်းခြင်းဖြစ်၍၊ အငယ် ၄၉ မှာ ပါရှိသည့်အနမ်းမှာ အဓိပ္ပါယ်တမျိုး ရှိသည်။

၂၇: ဗိုက်ပြည့်ချင်သူများအတွက် အစားအစာရွေးချယ်စရာမရှိ။ အကောင်းဆုံးအစားအစာသည် အရသာမရှိပါ။ ဆာလောင်ငတ်မွတ်သူမူကား စားကောင်းသောအစာဟူသမျှ ချိုမြိန်သည်။

ရုပ်ဝတ္တုပစ္စည်းတွင် ထိုကဲ့သို့ဆာလောင်သကဲ့သို့ ဝိညာဉ်အာဟာရ ငတ်မွတ်သူများသည်လည်း ထိုအတိုင်းဖြစ်သည်။

၂၇: မိမိအိမ်ထောင်မိသားစုနှင့် ဝေးကွာသောသူသည် ငြိမ်သက်ချမ်းမြေ့ခြင်းမရနိုင်။ မနွေးထွေးနိုင်။ သိုက်မြုံယံကို တမ်းတသည်။ အသိုက်နှင့်ဝေးကွာသော ငှက်ငယ်ကဲ့သို့ ဖြစ်သည်။ မိမိနှုတ်ဖြင့် တပင်တပန်းဆောက်လုပ်သော အသိုက်ကို သံယောဇဉ်ညှိတွယ်သည်။

၂၇: နံ့သာနှင့်ရေမွှေးကို မိတ်ကောင်းဆွေကောင်းနှင့် နှိုင်းထားသည်။ နံ့သာရေမွှေးသည် စိတ်နှလုံးရွှင်လန်းစေသကဲ့သို့ မိတ်ကောင်းဆွေမွန်များသည်လည်း စိတ်နှလုံးကို နွေးထွေးစေသည်။ ခွန်အားဖြစ်စေသည်။

၂၇:၁၀ မိတ်ကောင်းဆွေကောင်းကို မပြတ်စေနှင့်။ မိတ်ဆွေဟောင်းသည် အကောင်းဆုံးသော မိတ်ဆွေများဖြစ်သည်။ ထို့ကြောင့် ငယ်ပေါင်းကြီးဖော် မိတ်ဆွေများနှင့် မိသားစုဆွေမျိုးများကို ဘယ်သောအခါမှမမေ့နှင့်။

သင့်ညီအစ်ကိုထံမသွားနှင့်ဆိုခြင်းမှာ ရပ်ဝေးမြေခြားရှိ ဆွေမျိုးနှင့်အရေးမပေး၊ ဂရုမစိုက်သူများအား အကူအညီမတောင်းဆိုရန် သတိပေးခြင်း ဖြစ်သည်။ အရေးအကြောင်းကြုံတွေ့သည့်အခါ ရပ်ဝေးရှိဆွေမျိုးများနှင့် မိမိကိုဂရုမစိုက်သော အမျိုးထက် အိမ်နီးနားချင်းကောင်းများကို ပိုမိုအားကိုးရသည်။

၂၇:၁၁ သား၏အပြုအမူစရိုက်သည် ဖခင်၏သွန်သင်မှု ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။ ဆရာကောင်းလျှင် တပည့်ပန်းကောင်းပန်သည်။ တပည့်သည် ဆရာသမား၏ ဂုဏ်သိက္ခာချီးမြောက်သူ သို့မဟုတ် အရှက်ခွဲသူ ဖြစ်သည်။ Berkeley က “ဆရာသမား၏ ခြံစည်းရိုးကောင်းသည် တပည့်သားမြေးများ၏ အောင်မြင်ကျော်ကြားမှု ဖြစ်သည်”ဟု ဆိုသည်။

၂၇:၁၂  နောဧသည် ဉာဏ်ပညာအမြော်အမြင်ရှိသည်။ မိသားစုနှင့်တကွ သင်္ဘောပေါ်တွင် ခိုလှုံ၍၊ အသက်ချမ်းသာရာရရှိကြသည်။ နမော်နမဲ့ ပစ်စလက်ခတ် နေထိုင်သူများ၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်သူများသည် ဆင်းရဲဒုက္ခကြုံမှ နောင်တရကြသည်။ အချိန်နောက်ကျနေပြီ (၂၂:၃ ကိုလည်းကြည့်)။

၂၇:၁၃  ခေတ်စကားအရပြောရလျှင် ‘အမည်မသိဘဲ သူများအတွက် မဆီမဆိုင် အာမခံချက်ပေးသူသည် အဝတ်ကိုပါ ချွတ်ပေးပါစေ’ဟုဆိုရသည်။

ဒုတိယစာကြောင်းမှာ “အမျိုးပျက်သောမိန်းမအတွက် အာမခံတတ်သောသူသည် ရှိသမျှလေးကိုလည်း ပေးလိုက်ပါစေ”ဟုနားလည်ရသည်။ တနည်းအားဖြင့် မသိနားမလည်သော သူစိမ်းသရံနှင့် ကတိမတည်သစ္စာမရှိသူအတွက် အာမခံပေးသူသည် ရှိသမျှပစ္စည်း ဆုံးရှုံးမည်။

၂၇:၁၄  မိမိကြင်ဖော်ကို နံနက်စောစော အော်ကြီးဟစ်ကျယ် ထခိုင်းသူသည် ကျက်သရေမရှိသူ ဖြစ်၏။ နံနက်စောစော မင်္ဂလာရှိသည့်အချိန်တွင် ငှက်ဆိုးထိုးသံကြားခြင်းနှင့် တူသည်။

၂၇:၁၅၁၆ တချိန်လုံး မြည်တွန်တောက်တီးတတ်သောမိန်းမသည် တနေ့လုံးတညည့်လုံး သွပ်ခေါင်မိုးပေါ်သို့ တစက်စက်ကျနေသော မိုးပေါက်နှင့်တူသည်။ မိမိလင်သားကို မအိပ်နိုင်အောင် နံရံနှင့် မတ်တပ်ရပ်ခိုင်းသူနှင့်တူသည်။

တိုက်ခတ်လာသောလေကို မဆီးတားနိုင်သကဲ့သို့၊ ဆီကိုလည်းမယိုအောင် လက်ဖြင့်ဆုပ်ကိုင်၍ မရပါ။ ထိုကဲ့သို့ လူ့အတွေးအခေါ်ကိုလည်း ညှိနှိုင်းရသည်။ တဦး၏အကြံဉာဏ်သဘောထားကို တဦးသို့ မျှဝေရသည်။ နှစ်ဦးနှစ်ဖက် အပေးအယူလုပ်ခြင်းဖြင့် အကြံကောင်းထွက်လာနိုင်သည်။ မေးခွန်းသည် အတွေးအမြင်ကို ထက်မြက်စေသည်။ ရင်းနှီးစွာဆက်ဆံခြင်းဖြင့် ကိုယ်ရည်သွေးထက်မြက်စေသည်။

၂၇:၁၈ သင်္ဘောသဖန်းပင်ကို စနစ်တကျစောင့်ရှောက်သူသည် အသီးကောင်းစားရသည်။ စိတ်ရှည်စွာ ဂရုတစိုက်စောင့်ရှောက်ပြုပြင်သူသည် စိတ်ရှည်သည့်အကျိုးကျေးဇူး ခံစားရသည်။

ထိုကဲ့သို့ပင် မိမိသခင်အတွက် ကျေးဇူးသစ္စာစောင့်ထိန်းသူသည် သခင်၏ချီးမြောက်ခြင်းခံရသည်။ သခင်ယေရှုကိုယ်တိုင်က “ငါ့အမှုတော်ထမ်းဆောင်သောသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလိမ့်မည်” (ယော ၁၂:၂၆)။

၂၇:၁၉  ရေကြည်အိုင်ထဲသို့ ငုံ့ကြည့်လျှင် မိမိမျက်နှာပြန်မြင်ရသည်။ ထိုကဲ့သို့ပင် လူများကို သေချာလိုက်ကြည့်လျှင် မိမိကဲ့သို့လူစား အများကြီးတွေ့ရမည်။ ခံစားချက်၊ ခွန်အားဗလနှင့် အားနည်းခြင်း အစရှိသဖြင့် ဘဝတူအများကြီး တွေ့နိုင်သည်။

ထိုသို့ဖြစ်လျှင် အခြားသူများကို အဘယ်ကြောင့် ရေကြီးခွင်ကျယ် ဆရာသွားလုပ်ချင်သနည်း။ အဘယ်ကြောင့် နှာတဖျားသာချင်သနည်း။ အဘယ်ကြောင့် သူများနှာခေါင်းနှင့် အသက်ရှူချင်သနည်း။

၂၇:၂၀  မရဏာနိုင်ငံနှင့် အဓဒ္ဒုန်နိုင်ငံ (ဟေဗြဲ Sheol and Abaddon ) သည် လူများအား ဝါးမြို၍မဝ။ သမင်မွေးရင်း ကျားစားရင်းဆိုစကားအတိုင်း မိခင်များမွေးသမျှရင်သွေးများကို ဝါးမြိုသည်။ ထိုကဲ့သို့ပင် လူ့မျက်စိဖြင့် မြင်သမျှသည်လည်း လုံလောက်ပြီဟူ၍မရှိ။ မြင်မြင်သမျှ အကုန်လှသည်။ လှသမျှလိုချင်ကြသည်။ ထိုအကြောင်းကို Arthur G.Gish က ဤသို့ဆိုသည်။

ပို၍ပို၍ လယ်မြေချဲ့ကားချင်သော လယ်သမားအကြောင်းကို တော်စတွိုင်းက ဤသို့ဆိုဖူးသည်။

နောက်ဆုံးတွင် ဈေးပေါပေါဖြင့်ရနိုင်သည့် မြေကွက်သတင်းရရှိသည်။ ရှိသမျှပစ္စည်းထုခွဲ ရောင်းစား၍ ထိုမြေကွက်ဝယ်ရန် ခရီးပြင်းနှင်သည်။ ရူပီးငွေတထောင် ရင်မှာပိုက်ပြီး၊ တရက်လုံး သူဝယ်မည့်မြေကို လိုက်ကြည့်သည်။ နောက်တနေ့မိုးလင်းလျှင် ရှေ့ဆက်သွားပြီးနောက် ဘယ်ဘက်သို့ ချိုးကွေ့ရာ မြေဩဇာကောင်းမွန်၍ ကျယ်ပြောသော မြေကွက်ကြီးတွေ့ရသည်။ အလွန်သဘောကျသွားသည်။ သို့ဖြင့် နေမဝင်ခင် ခရီးစတွေ့သည့်နေရာ ရောက်အောင်ပြေးသည်။ မြန်သထက်မြန်အောင် အသားကုန်ပြေးရာ နေဝင်ချိန်တွင် မူလနေရာသို့ ပြန်ရောက်သည်။ ထိုနေရာပြန်အရောက်တွင် အမော့စို့လဲကျသေဆုံးသည်။ ထို့ကြောင့် ၆ပေ၂ပေ ကျင်းတူးပြီး မြုပ်ပစ်လိုက်ကြသည်။ လိုချင်သည်က လယ်တခွင်လုံး၊ ပိုင်ဆိုင်သည်က ၅ပေ၂ပေ တကွက်တည်း။၄၁

ထိုကြားထဲတွင် ခရစ်တော်၌ တင်းတိမ်ရောင့်ရဲစွာ စိတ်ချမ်းမြေ့သူအကြောင့် တစေ့တစောင်း တွေ့ရပြန်သည်။

အိုခရစ်တော်ရှင်၊ မြစ်ဖျားခံရာ

ချစ်ခြင်းမေတ္တာ ရေချိုဝမ်းထွက်ရာ

စိမ့်စမ်းရေသမျှတွင် ချိုမြိန်ဆုံး။

သောက်ဖူးသမျှထက် ချို၊

ပင်လယ်ရေလျှံသည် မရှိသကဲ့သို့

ကျေးဇူးတော်သည် အတိုင်းအဆမရှိ

ဧမာနွေလ ဝတ္တကမြေတွင်

ဘုန်းတန်ခိုးကျက်သရေပြည့်စုံပါဘိ

 Anne Ross Cousin

၂၇:၂၁  ငွေကိုစစ်မစစ် မိုက်ဖြင့်စစ်ဆေး၍၊ ရွှေစင်မစင် မီးဖြင့်ဆန်းစစ်ရသည်။ ထိုကဲ့သို့ပင် လူ၏ဂုဏ်အသရေကို လူအများ၏ ချီးမွမ်းခြင်းဖြင့် စစ်ဆေးရသည်။ ဆိုလိုသည်မှာ လူများ၏ ဂုဏ်အသရေသည် လူများ၏ချီးမွမ်းခြင်းအပေါ်တွင် မူတည်သည်။

နောက်တနည်းအားဖြင့် လူ၏အရည်အချင်းကို သူများချီးမွမ်းခြင်းပေတံဖြင့် တိုင်းတာရသည် (ASV)။ လူတဦး၏အရည်အချင်းနှင့် အဆင့်အတန်းကို သူ့အကျင့်လက္ခဏာဖြင့် စံချိန်ယူရသည်။

နောက်တနည်းအားဖြင့် barnes ဆိုသကဲ့သို့ “လူသည် လူများချီးမွမ်းသည့်အတိုင်း ဖြစ်သည်”ဟု ဆိုရမည်။ အဓိပ္ပါယ်မှာ အုတ်ရောရောကျောက်ရောရောမနေ၊ စင်ကြယ်သော ကိုယ်ကျင့်တရားဖြင့် ဂုဏ်အင်လက္ခဏာတန်ဖိုး ပြသရမည်။

၂၇:၂၂  ပရဆေးဆိုင်များတွင် ဆုံနှင့်ကျည်ပွေ့တွေ့ဖူးကြပေမည်။ ကျည်ပွေ့သည် ရှည်မျှောမျှောဖြစ်၍၊ အဖြားလုံးသည်။ ဆုံသည် ပုတိုတိုဖြစ်၍ ကျည်ပွေ့ဖြင့် ထောင်းရသည့်အောက်ခံပစ္စည်း ဖြစ်သည်။ အမှုန့်ထောင်းရတွင် သုံးသည်။

ထိုဆုံတွင် ဂျုံကိုထည့်ထောင်းလျှင် အခွံကျွတ်၍ အဆန်သည်အမှုန့် ဖြစ်သွားမည်။ လူမိုက်ကို မည်မျှပင် ထည့်ထောင်းစေကာမူ လိမ္မာလာမည်မဟုတ်။ အခွံကျွတ်မည်မဟုတ်။ တနည်းအားဖြင့် ဂျုံခွံကိုချွတ်နိုင်ကြသော်လည်း လူမိုက်၏ မိုက်မဲခြင်းအခွံချွတ်နိုင်ဖို့ မလွယ်။

၂၇:၂၃၂၇ ဤကျမ်းချက်သည် လယ်သမားဘဝကို ချီးမွမ်းခြင်း ဖြစ်သည်။ လယ်သမားများ၏ ဇွဲလုံ့လဝီရိယကောင်းပုံကိုလည်း သရုပ်ဖော်ထားသည်။

သိုးအုပ်၊ နွားအုပ်များကို တချက်လစ်လျူမရှူ၊ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ပုံ တင်ပြထားသည်။ သင်းအုပ်ဆရာများသည်လည်း အသင်းတော်အား စိတ်ရှည်စွာ စောင့်ရှောက် ဂရုစိုက်ရသည်။ အထူးသဖြင့် ဒေသန္တာရအသင်းတော်ရှိ သင်းအုပ်များသည် သိုးစုကို စိတ်ရှည်လက်ရှည် ထိန်းကျောင်းရန် သတိပေးခြင်း ဖြစ်သည်။

စည်းစိမ်ဥစ္စာသည် ကာလကြာရှည်တည်တံ့ခြင်းမရှိသကဲ့သို့ ရာထူးဂုဏ်သိက္ခာသည်လည်း မျက်စိတမှိတ်တွင် ပျောက်ကွယ်တတ်ကြသည်။ တည်တံ့သောအရာမှာ သူတပါးအား ကူညီမစ၊ စောင့်ရှောက်ခြင်း ဖြစ်သည်။

လယ်သမားသည် တောင်ကုန်းတခုလုံးရှိ စပါးရွှေဝါမြင်သောအခါ စိတ်နှလုံးရွှင်လန်းစွာ အားတက်သရောရိတ်သိမ်းသည်။ သိုးအုပ်မှသိုးမွှေးများကိုရိတ်၍၊ အထည်ရက်လုပ်ကြသည်။ ပိုလျှံသော ဆိတ်၊ သိုးများကို ရောင်း၍၊ လိုအပ်သောလယ်ယာလုပ်ငန်းနှင့်ပစ္စည်းများကို တဖန်ပြန်ဝယ်သည်။ သူ့မိသားစုနှင့် အစေခံများအတွက်လည်း အဝတ်အစား၊ အစားအစာ အလျှံပယ်ကြွယ်ဝသည်။

Previous Article
Next Article